19
Wed, Feb
408 New Articles

နယူးယောက်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Kota Ternate မြို့ အနောက်မြောက်ဘက် ၁၃၇ကီလိုမီတာ အကွာ၌ ဒီဇင်ဘာ ၃၀ ရက် ဂရင်းနစ်စံတော်ချိန် ၁၈း၃၄း၅၇နာရီတွင် အင်အား ၅.၀ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။

မနီလာ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ဒါဗာအိုပြည်နယ်တွင် ယနေ့ (ဒီဇင်ဘာလ ၂၉ ရက်) ၇.၁ ပမာဏရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဆိုင်ရာအဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။

ဂျကာတာ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာ ဘာရတ်ပြည်နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်၌ ပြင်းအား ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ သို့သော် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။

နယူးဒေလီ ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘီဟာ(Bihar) ပြည်နယ်၌ ဒီဇင်ဘာ ၂၆ ရက်တွင် သက်တမ်း ကြာမြင့်နေသည့် နေအိမ် တစ်ခု၏ အစိတ်အပိုင်း ပြိုကျ ပျက်စီးမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

ဂျကာတာ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ်ပွားလာခြေရှိသဖြင့် လူပေါင်း ၁၇,၄၄၇ ဦးအား နေရပ်ပြောင်းရွှေ့ခဲ့ရကြောင်း အင်ဒိုနီးရှား သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်း ပြောရေးဆိုခွင့်ရှိသူ စူတိုပါဝူ နူဂရိုဟို (Suto Purwo Nugroho) က ဒီဇင်ဘာလ ၂၆ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)

ဆိုးလ် ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယား နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ တောင်ကိုရီးယား နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံ တို့က ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်း အချိန်တွင် မြောက်ကိုရီးယား နိုင်ငံ Panmun Station ၌ နှစ်နိုင်ငံ ရထားလမ်း နှင့် ကားလမ်း ချိတ်ဆက်မှု စီမံကိန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

ဘန်ကောက်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် သေနတ်ပစ်ခတ်မှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက် အစီရင်ခံစာများအရ သိရသည်။

နယူးဒေလီ ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဒီဇင်ဘာ ၂၄ ရက် ညပိုင်းအချိန်တွင် အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် ၌ ဆီတင်ကား နှင့် ခရီးသည်တင်ကား တိုက်မှုဖြစ်ပွာ ခဲ့ရာ လူ အနည်းဆုံး ၁၁ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

တိုကျို ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံသည် ၂ဝ၁၉ ခုနှစ် ဇူလိုင်တွင် စီးပွားဖြစ်ဝေလငါးဖမ်းဆီးခြင်းများကို ပြန်လည်စတင်ရန် နိုင်ငံတကာဝေလငါးဖမ်းကော်မရှင်(IWC) မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)