25
Sat, May
582 New Articles

ဂျာကာတာ၊ မေ ၁၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် မြို့တော် ဆူရာဘာရာမြို့ ရှိ ခရစ်ယာန်ဘုရားကျောင်း ၃ခု ၌ မေ ၁၃ရက်တွင် အသေခံဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ရာ လူ ၆ဦးသေဆုံးပြီး အနည်းဆုံး လူ ၃၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Frans Barung က သတင်းဌာနသို့ပြောကြားခဲ့သည်။

ပြုံယမ်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) က ၎င်း၏ နျူကလီးယားစမ်းသပ်သည့်နေရာအား ဖျက်သိမ်းမည့် အခမ်းအနားကို မေ ၂၃ရက် မှ ၂၅ရက် အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာန က မေ ၁၂ရက် တွင် ပြောကြားခဲ့သည်။

ကွာလာလမ်ပူ၊ မေ ၁၂ ရက် (ဆင်ဟွာ)

အသစ်ရွေးကောက်ခြင်းခံထားရသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad) သည် နိုင်ငံ့တာဝန်၏ ပထမဆုံးခြေလှမ်းအဖြစ် ၎င်း၏ “အစိုးရအဖွဲ့ငယ်” တွင် ဝန်ကြီးသုံးဦးအား အမည်စာရင်းတင်သွင်းခြင်းနှင့် အစိုးရအား အကြံပေးရန် “Council of elders” အား တည်ထောင်ကြောင်း ကြေညာခြင်းများ လုပ်ဆောင်ခဲ့သည်။

စင်ကာပူ ၊ မေ ၁၂ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ မေလ ၁၁ ရက်နေ့ ၌ ထုတ်ပြန် ခဲ့သည့် ကြေညာ ချက်တွင် နိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြား ခဲ့ရာတွင် စင်ကာပူ နိုင်ငံ အနေဖြင့် ဇွန်လ အလယ်ပိုင်း အချိန်တွင် ကျင်းပ ပြုလုပ် မည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး အစည်းအဝေး ကို အောင်မြင်စွာ ကျင်းပ နိုင်ရန် ကြိုးပမ်း ဆောင်ရွက်မည် ဟု ပြောကြား ခဲ့ကြောင်း ပါဝင် ခဲ့သည်။

အစ္စလာမ်မာဘတ်၊ မေ ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ပက်ရှ်ဝါမြို့ရှိ ဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တိုကျို၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က လုပ်ငန်းစဉ်သစ်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြင့် တရုတ်-ဂျပန် ဆက်ဆံရေးအား ပုံမှန်ဆက်ဆံရေး လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ကွာလာလမ်ပူ ၊ မေ ၁ဝ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၂၂ နေရာရှိသည့်အနက် ယခင်ဝန်ကြီးချုပ်မဟာသီယာမိုဟာမက် ဦးဆောင်သော အတိုက်အခံမဟာမိတ်ပါတီ(Pakatan Harapan) က ၁၁၃ နေရာ အနိုင်ရသဖြင့် လွှတ်တော်အမတ်နေရာအများစု အနိုင်ရကြောင်း နှင့် ပြည်ထောင်စုအစိုးရဖွဲ့ ရန် လုံလောက်ကြောင်း မလေးရှားရွေးကောက်ပွဲကော်မရှင်က  ယနေ့ (မေလ ၁ဝ ရက်)နံနက်ပိုင်းတွင် ကြေညာခဲ့သည်။

ကဘူးလ်၊ မေ ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ယနေ့ (မေလ ၉ ရက်က) အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မျက်မြင်သက်သေများနှင့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဂျာကာတာ၊ မေ ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမြို့ အစွန်အဖျား ရှိ အကျဉ်းထောင်တစ်ခုတွင် စစ်သွေးကြွ အကျဉ်းသားများ နှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ဦး နှင့် အကျဉ်းသား တစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။

တိုကျို၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် စွမ်းရည်ပူးပေါင်းဆောင်ရွက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် စွမ်းအင်ချွေတာရေး စသည့်နယ်ပယ်များ၌ ပူးတွဲစီမံကိန်းများကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုသစ်ဖြင့် လုပ်ဆောင်သွားသင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မေလ ၉ ရက်တွင် ပြောကြားလိုက်သည်။