Connect with us

China

တရုတ်နိုင်ငံ လျန်ပေါင်ယဲ့ကျယ်ရှုခင်းသာ၌ နှင်းကျားသစ် ပေါ်ထွက်လာ

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အားပါ့ ဇန့်လူမျိုးနှင့် ချန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ အားပါ့ခရိုင် လျန်ပေါင်ယဲ့ကျယ်ရှုခင်းသာ၌ နှင်းကျားသစ်တစ်ကောင်က ဖမ်းဆီးရမိထားသော ဆူမတြာတောဆိတ်အား စားသုံးနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အားပါ့ (စီချွမ်း)၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အားပါ့ ဇန့်လူမျိုးနှင့် ချန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ အားပါ့ခရိုင် လျန်ပေါင်ယဲ့ကျယ်ရှုခင်းသာ၌ ဓာတ်ပုံဆရာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၃,၉၅၀ မီတာ အမြင့်ရှိသော နှင်းတော၌ နှင်းကျားသစ် လှုပ်ရှားသွားလာနေသည့် အဖိုးတန်ဓာတ်ပုံကို ရိုက်ကူးရမိခဲ့သည်။
နှင်းကျားသစ်သည် “နှင်းတောင် တောဘုရင်” ဟု တင်စားခေါ်ဝေါ်ခံရပြီး တရုတ်နိုင်ငံ အမျိုးသား ပထမအဆင့် ကာကွယ်စောင့်ရှောက်သော တောရိုင်းတိရစ္ဆာန်ဖြစ်သည်။ ၎င်းတို့သည် အဓိကအားဖြင့် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၊ ရှီးဇန့်ဒေသ၊ ချင်းဟိုင်ပြည်နယ်၊ ကန်းစုပြည်နယ်၊ စီချွမ်းပြည်နယ်၊ ယူနန်ပြည်နယ် စသည့် အနောက်ပိုင်း တောင်တန်းမြင့်ဒေသများ၌ ဖြန့်ကြက်တည်ရှိပြီး ၎င်းတို့အရေအတွက်ပမာဏ ပြောင်းလဲမှုသည် ဒေသတွင်းဂေဟကွင်းဆက် ကောင်းမွန်မှုအခြေအနေအား ဖော်ပြနေသည့် အရေးကြီးအညွှန်းကိန်းဖြစ်ပေသည်။ (Xinhua)

——————–
(Chinese Version)
雪豹现身莲宝叶则景区
新华社照片,阿坝(四川),2026年4月20日
近日,四川省阿坝藏族羌族自治州阿坝县莲宝叶则景区,摄影师在海拔3950米的雪地拍摄到雪豹活动的珍贵照片。
雪豹有“雪山之王”之称,是国家一级保护野生动物,主要分布在我国新疆、西藏、青海、甘肃、四川、云南等西部的高山地区,其数量变化是揭示当地生态链健康状况的关键指标。
图说1:4月12日,一只雪豹在雪中享用刚刚捕获的鬣羚(无人机长焦拍摄)。 新华社发(用旦摄)
图说2:4月12日,一只雪豹在雪中活动。新华社发(用旦摄)