ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၁.၁၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၆ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အန်ကာရာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဇူလိုင် ၁၀ ရက်အစောပိုင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် တူရကီနိုင်ငံ၊ အနောက်ပိုင်း Izmir ပြည်နယ်ရှိ Aliaga ခရိုင်တစ်ဝိုက်ရှိ နွေရာသီအိမ်များတွင် နေထိုင်သူများအား ကုန်းကြောင်း နှင့်ရေကြောင်းမှ တစ်ဆင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဖြစ်သော TRT က...
ဟာအယ်ပင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေနံမြေဖြစ်သည့် တာ့ချင့်ရေနံလုပ်ကွက်မှ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ရေနံစိမ်းတန်ချိန် ၁၅.၀၉ သန်း ထွက်ရှိ ခဲ့ကြောင်း China National Petroleum Corporation ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ရေနံမြေ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝါရှင်တန်ဒီစီ ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) အမေရိကန် ပုဂ္ဂလိကကုမ္ပဏီ SpaceX က ဂြိုဟ်ပတ်လမ်းအတွင်းသို့ နောက်ထပ် Starlink အင်တာနက် ဂြိုဟ်တု ၄၈ စင်းအား ဇူလိုင် ၇ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ ကယ်လီဖိုးနီးယားပြည်နယ် Vandenberg Space Force အခြေစိုက်စခန်းရှိ...
ကွေ့ယန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် စွမ်းအင်ထုတ်လုပ်မှု၊ သိုလှောင်မှု အရှိန်မြှင့် ဆောင်ရွက်ရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသလို စွမ်းအင်သစ်ကဏ္ဍ၌ အခိုင်အမာတိုးချဲ့လုပ်ဆောက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် လယ်ယာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၆၂.၄ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန် (Janet Yellen) အား ဇူလိုင် ၇ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့သည်။
ချိန်တူး ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူးသည် ဇူလိုင် ၇ ရက်တွင် နိုင်ငံတကာ လမ်းကြောင်းစုံ ချိတ်ဆက် ပြေးဆွဲသည့် ရထားဝန်ဆောင်မှု အသစ်အား စတင်ခဲ့ပြီး တရုတ်-လာအို ရထားလမ်း နှင့် တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်းများအား ချိတ်ဆက်ထားကြောင်း...
ဟူခို ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) မကြာသေးမီက မြစ်ဝါမြစ်အထက်ပိုင်းတွင် မိုးရွာသွန်းမှုများလာသောကြောင့် မြစ်ဝါမြစ်၏ ဟူခိုရေတံခွန် ရေစီးဆင်းမှုသည် သိသိသာသာတိုးလာခဲ့သည်။
ကွမ်တုန်း ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) တရုတ်နည်းပညာကုမ္ပဏီကြီး Huawei က Pangu ကြိုတင်လေ့ကျင့်ပေးထားသည့် နက်ရှိုင်းသောသင်ယူမှု AI မော်ဒယ်ဖြစ်သည့် Pangu 3.0 နောက်ဆုံးထွက်ဗားရှင်းအား ဇူလိုင် ၇ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ ယင်းကြေညာချက်အား တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် တုန်းကွမ်မြို့၌ ကျင်းပသည့် Huawei...