Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ကား ၃ စီးဆင့်တိုက်မိကာ၂ ဦးသေဆုံး ၉ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စန္ဒယှောကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးညှပ်နေသူကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ စက်တင်ဘာ ၂ ရက်ညပိုင်းနှင့် ၃ ရက်နံနက်ပိုင်းတွင် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စန္ဒယှောကျေးရွာအနီးတွင် စက်တင်ဘာ ၂ ရက် ည ၁၀ နာရီခန့်က ကား ၃ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ကုန်တင်ကားနှင့် Hijet ကားတို့မှာ လမ်းဘေးရေမြောင်းအတွင်းထိုးကျကာ ကျန်တစ်စီးမှာလမ်းပေါ်၌တိမ်းမှောက်သွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူ၂ ဦးသေဆုံးခဲ့ပြီး လူ ၉ ဦးထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း ထာဝရအလင်းတန်းလူမှုကူညီရေးအသင်းမှ သိရသည်။ထာဝရအလင်းတန်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်မတို့က ယာဉ်တိုက်မှုဖြစ်တယ်ဆိုပြီး သတင်းကြားတော့ အဒီထဲက လူနာ ၃ ဦးကို လှိုင်သာယာဆေးရုံကနေ လူနာ လွှဲတယ်လို့ သတင်းရောက်တဲ့အတွက် မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးမှာ သွားစောင့်ပြီး ကူညီပေးတာပါ။ အဲဒီရောက်တဲ့ လူနာ ၃ဦးထဲကနေ အမျိုးသမီး ၁ ဦးက ပြင်းထန်တဲ့ ဒဏ်ရာနဲ့ပဲ သေဆုံးသွားပါတယ်။ အဲဒီအချိန်မှာ Hijet ကားထဲမှာ ညှပ်နေတဲ့သူကို ထုတ်လို့မရသေးဘူးလို့ သတင်းရရှိတာပါ”ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၃ ရက်တွင်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စန္ဒယှောကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးညှပ်နေသူကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ စက်တင်ဘာ ၂ ရက်ညပိုင်းနှင့် ၃ ရက်နံနက်ပိုင်းတွင် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

စက်တင်ဘာ ၂ ရက် ၂၂:၀၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စန္ဒယှောကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သတင်းရရှိသဖြင့် ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊၂၃:၀၉ နာရီတွင် မြောက်ပိုင်း ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ စက်တင်ဘာ ၃ ရက် ၀၁:၁၃ နာရီတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး ထွက်ခွာကူညီပေးနိုင်ခဲ့ပြီး ၀၂:၃၀ နာရီတွင် ညှပ်မိနေသူ ကျား(၁)ဦး(စိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ကာ ထာဝရအလင်းတန်းလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ စက်တင်ဘာ ၃ ရက် နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

“မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေကနေ Hijet ကားထဲမှာ ညှပ်နေတဲ့သူကို ဆွဲထုတ်ကြပါတယ်။ ကျွန်မတို့ အဖွဲ့က ဝိုင်းပြီးကူညီပေးတာပါ။ ဆွဲထုတ်လို့ လူနာထွက်လာတဲ့အခါမှာ ကျွန်မတို့အဖွဲ့က မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးကို ပို့ပေးတာပါ။ ဆေးရုံရောက်တဲ့အခါ ဆရာဝန်တွေက အရေးပေါ်ကုသနေရင်း အဲဒီလူနာကပဲ သေဆုံးသွားတာပါ” ဟု ၎င်းကဖြည့်စွက်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.