ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) Pfizer နှင့် BioNTech တို့က လူများစွာပါဝင်သော ကိုဗစ်-၁၉ (COVID-19) အားဖြည့်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုတွင် ရောဂါအား အပြည့်အဝကာကွယ်ပေးနိုင်သည်ကို ပြသလျက်ရှိကြောင်း အောက်တိုဘာ ၂၁ ရက်က ကြေညာခဲ့သည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စား ရထားလမ်းတွင် ဗုဒ္ဓဟူးနေ့ညက ပထမဆုံး ရထားစမ်းသပ်ပြေးဆွဲမှုပြုလုပ်ခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင်ကုမ္ပဏီ NTA Metropolitan Mass Transit Systemက ပြောကြားခဲ့သည်။
ဟူးဟောက် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များသည် ရှားပါးပြီး အတော်လေးပြည့်စုံသည့် ဒိုင်နိုဆောသားပေါက်ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
မော်စကို ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးသည် အခြားမည်သည့်နိုင်ငံကိုမျှ တိုက်ရိုက်ဆန့်ကျင်ရန်မဟုတ်ကြောင်း နှင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဆိုချီမြို့(Sochi) ၌ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ဒမတ်စကပ်စ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ် အလယ်ပိုင်းတွင် အောက်တိုဘာ ၂၀ ရက်က စစ်တပ်ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ ၁၃ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုင်ငံပိုင် SANA သတင်းအေဂျင်စီကဖော်ပြသည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ COVID-19 ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ် “AY4.2” အား အောက်တိုဘာ ၁၉ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ၂၀၂၂ ပေကျင်း ဆောင်းရာသီအားကစားပွဲများအတွက် အိုလံပစ်မီးရှူးတိုင်သည် ဂရိနိုင်ငံ အေသင်မြို့မှ တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရေကြီးရေလျှံမှုဒဏ်ခံစားရသော အက်ထရာခန်ပြည်နယ်တွင် သေဆုံးသူ အရေအတွက်မှာ ၃၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami က ရေလွှမ်းမိုးသောဧရိယာအား ဝေဟင်မှစစ်တမ်းကောက်ယူပြီးနောက် အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ကူမင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ ၁၁၀ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို အောက်တိုဘာ ၁၉ ရက်က စတင်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနမှ သိရသည်။ ယင်းနေ့ နံနက် ၉ နာရီတွင် ကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် တရုတ်နိုင်ငံ၏...