အူလန်ဘာတာ ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ အိမ်မွေးကြောင်နှစ်ကောင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း တိရစ္ဆာန်ကူးစက်ရောဂါများအတွက် အမျိုးသားစင်တာက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နန်နင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခဲ့သော လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အကြာကတည်းက တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် နယ်ပယ်စုံတွင် အကျိုးအမြတ်ရှိသော ရလဒ်များဖြင့် ချိတ်ဆက်လက်တွဲလျက် ရှေ့ဆက်လာခဲ့ရာ အာရှ-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွမှုအရှိဆုံး စံပြပုံစံဖြစ်လာခဲ့သည်။
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်အရေးတွင် ဥရောပသမဂ္ဂက သက်ရောက်မှုရှိလိုပါက အာဖဂန်တာလီဘန်တို့နှင့်ထိတွေ့ဆက်ဆံမှုမှလွဲ၍ အခြားရွေးချယ်စရာမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒအဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်ငါးနှစ်အတွင်း လူပေါင်း ၁ သန်း ဆွဲဆောင်ရန် ရည်ရွယ်၍ အလားအလာမြင့်မားသောနိုင်ငံခြားသားများ ရေရှည်နေထိုင်ခွင့် အစီအမံများကို စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တာလီဘန် အစိုးရအသစ် ခေတ္တနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က အာဖဂန်ပြည်သူများအတွက် အကူအညီပံ့ပိုးမှု ဆက်လက်ပေးအပ်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား စက်တင်ဘာ ၁၄ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
မော်စကို ၊စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသရှိ ဆီးရီးယားနိုင်ငံအနေဖြင့် အဓိကကြုံတွေ့နေရသော ပြဿနာမှာ ယင်းနိုင်ငံအစိတ်အပိုင်းအချို့တွင် နိုင်ငံခြားတပ်များ ခွင့်ပြုချက်မဲ့ ဝင်ရောက် တပ်စွဲထားခြင်းကြောင့်ပင်ဖြစ်ကြောင်း ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဆီးရီးယားနိုင်ငံသမ္မတအာဆက်အား ကရင်မလင်နန်းတော်၌ စက်တင်ဘာ ၁၄ ရက်တွင် လက်ခံတွေ့ဆုံစဉ် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ပြောကြားလိုက်သည်။
ဒမတ်စကပ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) “အမေရိကန်တပ်တွေရောက်ရှိနေတဲ့ဘယ်နေရာမှာမဆို အပျက်အစီးတွေ၊ ဖျက်ဆီးမှုတွေ၊ နေရပ်စွန့်ခွာမှုတွေ ရှိစမြဲပါပဲ” ဆီးရီးယား ပြည်သူများက အမေရိကန်တပ်များ ၎င်းတို့နိုင်ငံအတွင်း ရောက်ရှိနေခြင်းကို ရှုံ့ချပြောဆိုခဲ့ကြသည်။ အမေရိကန်သည် ဆီးရီးယား အချုပ်အခြာပိုင်နက်ထဲ ဆီးရီးယားနိုင်ငံသားများ တရားဝင်ခွင့်ပြုထားခြင်းမရှိဘဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၊ ယင်းမှာအမေရိကန်၏ ကျူးကျော်မှုပင် ဖြစ်ကြောင်းဆိုသည်။...
ကွမ်ကျိုး၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုအာဏာပိုင်များ က ဟယ်ချင်းကျွန်းတွင် ကွမ်တုန်း-မကာအို နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရေး ဇုံတစ်ခု အကောင်အထည်ဖော်တည်ဆောက်ရေး အထွေထွေစီမံကိန်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နှင့် တရုတ်နိုင်ငံတော်ကောင်စီမှ ပူးတွဲထုတ်ပြန်သည့် ယင်းအစီအစဉ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အများပြည်သူသို့ချပြခဲ့သည်။ ထုတ်ပြန်ချက်တွင်...
ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ် ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် CanSino Biologics ကုမ္ပဏီက မလေးရှားနိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်မှု မှတ်တိုင်သစ်ဖြစ်လာမည့် အက်ဒီနွိုက်တစ်ရှူးတွင်ရှိသည့် ဗိုင်းရပ်စ်၏ DNA အပေါ်အခြေခံကာ “ ဘက်တီးရီးယားအရှင်များအားဖြည့်သွင်းပြီး ကာကွယ်ဆေးထုတ်လုပ်သည့်” COVID-19 ကာကွယ်ဆေး “fill and finish”...
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ပြည်တွင်းဒေါ်လာဈေးနှင့် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၁,၈၀၀,၀၀၀ကျပ် မှ ၁,၈၅၀,၀၀၀ ကျပ်အထိ တစ်ရက်အတွင်း ၅၀,၀၀၀ကျပ် မြင့်တက်ခဲ့ကြောင်း နှင့် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ က ဆင်ဟွာသို့ စက်တင်ဘာ ၁၀ ရက်တွင်...