ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လာမည့်နှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းများတွင် တစ်ခါသုံး ပလတ်စတစ်ထုပ်ပိုးအိတ်များ၊ ပန်းကန်ခွက်ယောက်များနှင့် ပိုက်များ အသုံးပြုခြင်းကို တားမြစ်သွားမည်ဖြစ်ကြောင်း တရုတ် မြို့ပြလေကြောင်း စီမံခန့်ခွဲမှုဦးစီးဌာနက မေ ၂၆ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကပ်ရောဂါ အား ကျော်လွှားနိုင်ခဲ့ ပြီးနောက် စီးပွားရေးတဟုန်ထိုး တိုးတက်လာခဲ့ သည့်အပြင် နွေရာသီသို့လည်းရောက်ရှိလာသောကြောင့် စွမ်းအင်သုံးစွဲမှုပမာဏမှာ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသား ပြည်သူ ၁.၄ ဘီလီယံ အတွက် စွမ်းအင်လိုအပ်မှုကို ဖြည့်ဆည်းပေးရန်အတွက် တရုတ်နိုင်ငံအစိုးရ ၏...
ပေကျင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ) ပေကျင်းမြို့ရှိ သတ်မှတ်ထားသော အဓိကလမ်းများပေါ်တွင် မောင်းသူမဲ့ပို့ဆောင်ရေးယာဉ်များ မောင်းနှင်သွားလာရန် ကုမ္ပဏီသုံးခုအား မေ ၂၅ ရက်တွင် ခွင့်ပြုချက်ပေးခဲ့ကြောင်း ၊ ထိုကဲ့သို့ ခွင့်ပြုလိုက်ခြင်းက တရုတ်နိုင်ငံ၏ မြို့တော်၌ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
ကဘူးလ် ၊ မေ ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Nangarhar ပြည်နယ် ရှင်းဗားဒေသရှိ ရွာတစ်ရွာတွင်နေထိုင်သော အသက် ၃၂ နှစ်အရွယ် မိုဟာမက်-ဘဆယ်လ်-အဘစ် သည် လက်ရှိချိန်ထိ လွန်ခဲ့သော ၄ နှစ် ညပိုင်းက ဖြစ်ပွားခဲ့သော သွေးထွက်သံယိုသတ်ဖြတ်မှု၏ လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်ခြင်းမရှိသေးပါ။
ကွမ်ကျိုး၊ မေ ၂၆ ရက် (ဆင်ဟွာ) ကွမ်တုံ-ဟောင်ကောင်-မကာအို Greater Bay Area မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ပထမဆုံး ကုန်တင်ရထားဝန်ဆောင်မှုလမ်းကြောင်းကို မေ ၂၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ချန်ရှား၊ မေ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ မိန်ယန်တောင်ဈာပနခန်းမတွင် မေ ၂၄ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး သိပ္ပံပညာရှင် ယွမ်လုံဖိန်ကို လူထုက လာရောက်စုရုံးပို့ဆောင်ခဲ့ကြသည်။
ဒါကာ ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆေးကျောင်းသားများအား တရုတ်နိုင်ငံက လှူဒါန်းသည့် ကာကွယ်ဆေးများကို မေ ၂၅ ရက်တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဂါဇာ၊ မေ ၂၆ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးတစ်ခု တည်တံ့စေရေးအတွက် ကိုင်ရိုင်မြို့၌ ဆွေးနွေးပွဲတက်ရောက် ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟာမက်စ်) ခေါင်းဆောင်များအား အီဂျစ်နိုင်ငံက ဖိတ်ကြားခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂၅ ရက်တွင်ပြောကြားသည်။
ဝါရှင်တန်/မော်စကို၊ မေ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇွန် ၁၆ ရက်၌ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ မြောက်ဘက်ခြမ်းရှိ အဓိက ကျွန်းဖြစ်သည့် ဟော့ကိုင်းဒိုး၌ ယနေ့ မေ ၂၆ ရက်တွင် ဂျပန်ငါးဖမ်းလှေတစ်စင်းသည် ရုရှားသင်္ဘောတစ်စင်းနှင့် တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ရာ လူ သုံးဦး သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။