ဂျကာတာ၊ ဇွန် ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ဇွန်လတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း ဘက်စုံတည်ဆောက်မှု စတင်ခဲ့သည်။ လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိသည်။ လမ်းကြမ်းခင်း၊ တံတားရေမြောင်း၊ ဥမင်လိုဏ်ခေါင်းစသည့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းများကို အလုံးစုံပြီးစီးပြီဖြစ်သလို ရထားလမ်း၊ ဆက်သွယ်ရေး အချက်ပြ လျှပ်စစ်ဓာတ်အားလိုင်းလုပ်ငန်းများ အခြေခံအားဖြင့်...
လန်ဒန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်လေကြောင်းလိုင်းတစ်လိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ နှင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တို့အား ချိတ်ဆက်ထားသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို ဇွန် ၇ ရက် ကစတင်ပြေးဆွဲခဲ့ပြီး နှစ်နိုင်ငံ ကြား ခရီးသွားလုပ်ငန်း ၊ ကုန်သွယ်မှု နှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့အတွက် အဆင်ပြေရေး ပံ့ပိုးပေးခဲ့ကြောင်း...
ဂျေရုဆလမ် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) ဇွန် ၈ ရက်သည် နိုင်ငံတကာ သမုဒ္ဒရာနေ့ဖြစ်သည်။ အစ္စရေးနိုင်ငံ၏ တောင်ဘက်စွန်း၌ တည်ရှိသော Eilat မြို့သည် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများအား တိုးပွားစေရန် အထူးရေအောက်စက်ရုပ်များအား အသုံးပြုလျက် ရှိပြီး အစ္စရေး သဘာဝပတ်ဝန်းကျင်နှင့် ဥယျာဉ်များဆိုင်ရာ အာဏာပိုင်အဖွဲ့က မည်သည့်ပင်လယ်ဧရိယာများအား အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေးဧရိယာအသစ်များအဖြစ်...
ကန်ဒယ်လ်၊ ကမ္ဘောဒီးယား၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကမ္ဘောဒီးယားနိုင်ငံ Svay Rieng ပြည်နယ် Bavet မြို့ကို မြို့တော် ဖနွမ်းပင်နှင့် ချိတ်ဆက်ထားသော တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့်တည်ဆောက်သည့် ဒုတိယမြောက် အဝေးပြေးလမ်းကို ဇွန် ၇ ရက်၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ...
ကုလသမဂ္ဂ၊ ဇွန် ၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း Kakhovka ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆည် ပျက်စီးမှုအပေါ် အလွန်အမင်းစိုးရိမ်မိကြောင်း တရုတ်သံတမန်က ပြောကြားခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများ ကာကွယ်ရေးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွင် အရေးပါသောစည်းမျဉ်းတစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။...
ကျီနန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) သန့်စင်သော စွမ်းအင်အရင်းအမြစ်များကို အသုံးပြုလျက် လယ်ယာမြေမှ သစ်တောအသွင်သို့ ကူးပြောင်းခြင်းနှင့် “ကာဗွန်ဖယ်ရှားပေးသောနေရာ” တစ်ခုတည်ဆောက်ခြင်းဖြင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့ရှိ လျင်ဆန်းကျွန်းတွင် ကာဗွန်ထုတ်လွှတ်မှု အစွမ်းကုန်တိုက်ဖျက်ရေးကို စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကြိုးပမ်းအားထုတ်မှုများသည် အသိအမှတ်ပြုလောက်ဖွယ် ရလဒ်များ ရရှိခဲ့ပြီး ချင်းသောင်မြို့...
BAYANNUR ၊ အတွင်းမွန်ဂိုလီးယား၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က သဲကန္တာရအဖြစ် ပြောင်းလဲလာမှုကို ကိုင်တွယ်ရာတွင် အံ့ဩဖွယ်ရာအသစ်များ ဖန်တီးနိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ကြရေးအတွက် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားဒေသ၊...
ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စုစုပေါင်း သွင်းကုန်၊ ပို့ကုန်မှာ ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း ယမန်နှစ်အလားတူကာလထက် ၄.၇ ရာခိုင်နှုန်း၊ ယွမ် ၁၆.၇၇ ထရီလီယံ တိုးတက်ခဲ့ပြီး ပြည်ပဝယ်လိုအား လျော့နည်းနေသည့်ကြားမှ ဆက်လက် ကြံ့ကြံ့ခံရပ်တည်နေသည်ကို ဖော်ပြလျက်ရှိကြောင်း သိရသည်။ ယခုနှစ်...
အင်ဒိုနီးရှား၊ ဇွန် ၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၊ အလယ်ဂျာဗားပြည်နယ်၊ Jepara မြို့၊ Tegalsambi ကျေးရွာတွင် အလင်းရောင်ဖြာထွက်နေသော ကြယ်များသဖွယ် မီးတောက်မီးလျှံများဖြင့် ရိုးရာမီးရှှူးတိုင်ပွဲတော်၌ လူများပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။ အဆိုပါရိုးရာဓလေ့ကို အခြောက်ခံထားသောအုန်းလက်နှင့် ငှက်ပျောရွက်များကို မီးရှို့ခြင်း အထိမ်းအမှတ် ပြုလုပ်ခြင်းဖြစ်သည်။ မီးတောက်မီးလျှံများက ကျန်းမာရေးကိုဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်လျက်...
ရီယတ်၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုအရ အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ဆက်ဆံရေးပြန်လည်ထိန်းသိမ်းရန် သဘောတူခဲ့ကြပြီး သုံးလနီးပါးအကြာ၌ အီရန်နိုင်ငံက အချိန် ၇ နှစ်ကြာပိတ်ထားသော ဆော်ဒီအာရေဗျနိုင်ငံရှိ သံရုံးကို ဇွန် ၆ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဆော်ဒီအာရေဗျနိုင်ငံနှင့် အီရန်ကြား ဆက်ဆံရေးအတွက်...