Connect with us

ASEAN

ကပ်ရောဂါ တစ်ကျော့ပြန် မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံ မြို့တော်ဒေသများတွင် “Weekend Stay at Home”အမိန့်ကျင့်သုံး

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးဝန်ထမ်းများက “၂၀၂၂ ဘေးကင်းအေးချမ်းပါစေ”ဟူသော ဆုတောင်းစာတန်းအား ကိုင်ဆောင်ထားသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ယခု ရက်သတ္တပတ် ၂ ပတ် နီးပါးကာလတွင် ကိုဗစ်ကပ်ရောဂါ အရှိန်အဟုန်ဖြင့် တစ်ကျော့ပြန် မြင့်တက်လာခြင်းကြောင့် မြို့တော် နယူးဒေလီ စသည့် မြို့ကြီးများ၏အခြေအနေသည် အထူးဆိုးဝါးလျက်ရှိသည်။ နယူးဒေလီမြို့ရှိရာ ဒေလီဒေသအစိုးရက ၎င်း၏အုပ်ချုပ်ရေးနယ်မြေတွင် ယခုအပတ်ကစပြီး “Weekend Stay at Home”အမိန့်နှင့် အဝေးမှ ရုံးလုပ်ငန်းဆောင်ရွက်ခြင်း သတ်မှတ်ချက်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၄ ရက်က ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ Agartala မြို့လမ်းမပေါ်တွင် ပါးစပ်နှာခေါင်းစည်း ရောင်းချနေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဝေးမှ ရုံးလုပ်ငန်းဆောင်ရွက်ခြင်း + စနေ၊တနင်္ဂနွေ အိမ်တွင်သာနေထိုင်ခြင်း

ကိုဗစ်လူနာအရေအတွက် အဆမတန်မြင့်တက်လာမှုကို ကာကွယ်တားဆီးရန် အစိုးရက စနေ၊တနင်္ဂနွေတွင် “Stay at Home” အမိန့် ကျင့်သုံးရန် ဆုံးဖြတ်လိုက်ကြောင်း၊ အရေးပေါ်ဆေးကုသမှုအခြေအနေမဟုတ်ပါက အိမ်ပြင်မထွက်ကြရန် ဒေလီ ဒုတိယဝန်ကြီးချုပ် Manish Sisodiaက ဇန်နဝါရီ ၄ ရက် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ရုံးတက်ရက်တွေမှာ မဖြစ်မနေအပြင်ထွက် ဝန်ဆောင်မှုပေးရမယ့် ဝန်ထမ်းတွေကလွဲပြီး အစိုးရဝန်ထမ်းတွေအားလုံး အိမ်တွင်သာ အလုပ်လုပ်ကိုင်ကြပါ။ ပုဂ္ဂလိကရုံးလုပ်ငန်းတွေမှာ ဝန်ထမ်းထက်ဝက်ခန့် အိမ်ကသာ အလုပ်လုပ်ကိုင်ကြပါ ”ဟု ၎င်းက ပြောကြားခဲ့သည်။

ဒေလီအစိုးရ၏ ဇန်နဝါရီ ၄ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းဒေသတွင် ဇန်နဝါရီ ၃ ရက်က ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၄,၀၉၉ ဦး ရှိရာ ပိုးတွေ့နှုန်း ၆.၄၆ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့်နှစ် မေ ၁၈ ရက် နောက်ပိုင်း အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း သိရသည်။

Manish Sisodia၏ ပြောကြားချက်အရ ဒေလီဒေသ၌ ယခုရက်ပိုင်းများအတွင်း ထပ်တိုးလာသော ကိုဗစ်အတည်ပြုလူနာများအနက် အနည်းစုကသာ ဆေးရုံတင်ကုသရန်လိုအပ်ကြောင်း သိရသည်။ ဒေလီဒေသမှ ပြီးခဲ့သည့် ၈ ရက်မှ ၁၀ ရက်အတွင်း အကြောင်းကြားသည့် ထပ်တိုး ကိုဗစ်အတည်ပြုလူနာဦးရေသည် ၁၁၀,၀၀၀ ခန့် ရှိကြောင်း၊ ၎င်းတို့အနက် လူ ၃၅၀ ခန့်က ဆေးရုံတင်ကုသမှုခံယူခဲ့ပြီး အောက်စီဂျင်ရှူရန် လိုအပ်သူ ၁၂၄ ဦး၊ အသက်ရှူစက်အသုံးပြုရန် လိုအပ်သူ ၇ ဦးသာ ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရအရာရှိများ ပါးစပ်နှာခေါင်းစည်း တပ်ဆင်မှုမရှိခြင်းကြောင့် ကိုဗစ်ကူးစက်မှု ဖြစ်ပွား

ဒေလီဒေသတွင် ယခုရက်ပိုင်းများအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်ကူးစက်လူနာများအားလုံးသည် လက္ခဏာအပျော့စား သို့မဟုတ် လက္ခဏာမပြကြကြောင်း ၊ ၎င်းတို့အနက် အများစုမှာ ဆေးရုံတင်ကုသရန်မလိုအပ်ကြောင်း ၊ ထို့အတွက် လူထုအနေဖြင့် ထိတ်လန့်ကြောက်ရွံ့စရာမလိုအပ်ကြောင်း ဒေလီဝန်ကြီးချုပ် Arvind Kejriwal က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

“နှာခေါင်းစည်းတပ်မယ်၊ လူလူချင်းခပ်ခွာခွာနေမယ်၊ ဆပ်ပြာနဲ့လက်ဆေးမယ်ဆိုရင် စိတ်ပူစရာမလိုပါဘူး”ဟု ၎င်းက ထိုစဉ်က ပြောကြားခဲ့သည်။

သို့သော်လည်း ထိုသို့ပြောကြားပြီးမကြာမီ Arvind Kejriwal ရောဂါကူးစက်ခံခဲ့ရသလို ပါးစပ်နှာခေါင်းစည်းမတပ်ဘဲ လူစုလူဝေး များသည့် ရွေးကောက်ပွဲလူထုထောက်ခံပွဲသို့ တက်ရောက်ခဲ့ခြင်းကြောင့် အွန်လိုင်းတွင် ဝေဖန်ပြောဆိုခံခဲ့ရသည်။

ကိုဗစ်ဆေးစစ်မှု positiveဖြစ်ပြီး လက္ခဏာအနည်းငယ်သာရှိကြောင်းနှင့် အိမ်တွင် သီးခြားခွဲနေထိုင်လျက်ရှိကြောင်း Arvind Kejriwalက ဇန်နဝါရီ ၄ ရက် လူမှုကွန်ရက်မီဒီယာတွင် ရေးသားထားသည်။ “ယခုရက်ပိုင်း ကျွန်တော်နဲ့ ထိတွေ့သူတွေ ကိုယ့်ဘာသာ သီးခြားခွဲနေထိုင်ကြပါ၊ ဆေးစစ်ပါ”ဟု ၎င်းက ဆိုသည်။

Arvind Kejriwalသည် ယခုရက်ပိုင်းများ၌ ဥတ္တရပဒေသပြည်နယ်၊ ပန်ဂျပ်ပြည်နယ်နှင့် ဥတ္တရခန်ပြည်နယ်များသို့သွားရောက်၍ ရွေးကောက်ပွဲ မဲဆွယ်လူစုလူဝေးပွဲကြီးများသို့ တက်ရောက်ပြီး ၎င်းဦးဆောင်သည့် နိုင်ငံရေးပါတီ၏ ဒေသန္တရ လွှတ်တော် ရွေးကောက်ပွဲအတွက် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိခဲ့သည်။

အွန်လိုင်း ဓါတ်ပုံတစ်ခုတွင် ဥတ္တရခန်ပြည်နယ် ရွေးကောက်ပွဲမဲဆွယ်ပွဲ၌ Arvind Kejriwalမိန့်ခွန်းပြောကြားရာတွင် ၎င်းနှင့်စင်မြင့်အောက်ရှိအခြားသူများအားလုံး ပါးစပ်နှာခေါင်းစည်း မတပ်ဆင်ထားကို တွေ့ရသည်။

“သီးခြားခွဲနေတဲ့ကာလမှာ ကိုယ်ရိုက်ကူးထားတဲ့ ရောဂါကာကွယ်ရေး၊ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေးနဲ့အများသုံးနေရာတွေမှာ တိုးဝှေ့ခြင်းမပြုနဲ့ ဆိုတဲ့ကြော်ငြာ ဗွီဒီယိုကို ကြည့်သင့်တယ်”ဟု အိန္ဒိယအွန်လိုင်းသုံးသူတစ်ဦးက Arvind Kejriwal၏ Facebookစာမျက်နှာအောက်တွင် သရော်ရေးသားခဲ့သည်။

အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၄ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အိန္ဒိယတွင် ဇန်နဝါရီ ၃ ရက်က ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၃၇,၃၇၉ ဦးရှိရာ ၎င်းမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းပိုင်းမှစ၍ နေ့စဉ်ထပ်တိုးလူနာ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း၊ ထပ်တိုးသေဆုံးလူနာ ၁၂၄ ဦး ရှိကြောင်း သိရသည်။ တစ်နိုင်ငံလုံးပိုးတွေ့နှုန်းသည် ဇန်နဝါရီ ၃ ရက်တွင် ၃.၂၄ ရာခိုင်နှုန်းရှိရာ ၎င်းမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်း၏ ၃ ဆ မြင့်တက်လာခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတစ်ဝန်း လက်ရှိ ကိုဗစ်လူနာ ဦးရေ ၁၇၂,၀၀၀ နီးပါးရှိပြီး ယနေ့အထိ ကိုဗစ်သေဆုံးလူနာ စုစုပေါင်း ၄၈၂,၀၀၀၊ သေဆုံးနှုန်း ၁.၃၈ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)
疫情反弹 印度首都地区实施“周末居家令”
2022-01-05 09:36:50
Image Carouse
新华社北京1月5日电 印度近一两周新冠疫情迅猛反弹,首都新德里等大城市情况尤为严重。新德里所在的德里地区政府1月4日宣布,这一行政区本周起实施“周末居家令”和远程办公规定。
远程办公+周末居家
德里副首席部长马尼什•西索迪亚4日在网络新闻发布会上说,政府决定在周末实施“居家令”,以遏制新冠病例激增,民众“除非紧急就医,否则不要出门”。
2021年12月31日,在印度班加罗尔的一所医院,医务人员拿着字条,期待2022年平安。(新华社发)
“(工作日期间)政府官员将全部居家办公,从事必要服务的官员除外;私营办公地一半员工将居家办公。”他说。
据德里政府4日发布的数据,德里地区3日新增新冠确诊病例4099例,检测结果阳性率为6.46%,两者均为去年5月18日以来最高值。
按西索迪亚的说法,德里地区近日新增的新冠确诊病例中,仅一小部分人住院。他说,德里地区过去8至10天报告新增新冠确诊病例大约11万例,“其中,大约350人住院,仅124人需要吸氧,7人使用呼吸机”。
官员不戴口罩染新冠
德里首席部长阿尔温德•凯杰里瓦尔2日说,德里地区近日“所有新增新冠病例症状轻微或者无症状,其中大多数人无需住院”,民众“无需惊慌”。
“戴口罩,保持社交距离,用肥皂洗手,不必担心。”他当时说。
不过,凯杰里瓦尔很快“中招”,并且被拍到不戴口罩出席大型竞选集会,其行为引发网友批评。
凯杰里瓦尔4日在社交媒体上写道,他新冠检测结果呈阳性,症状轻微,正在家中隔离。“近几天与我接触的人,请自我隔离并做检测。”
2021年10月30日,商贩在印度阿加尔塔拉街头卖口罩。(新华社发)
凯杰里瓦尔近几天先后到北方邦、旁遮普邦和北阿肯德邦出席大型竞选集会,为他所领导的政党参加当地议会选举造势。
网络上的照片显示,凯杰里瓦尔3日在北阿肯德邦出席竞选集会时上台讲话,他和台上其他人都没戴口罩。
一名印度网友4日在凯杰里瓦尔的脸书账号页面留言:“隔离期间,你看看自己拍摄的关于注意(防疫)、戴口罩、别去拥挤公共场所的视频和宣传片吧!”
印度卫生部4日发布的数据显示,印度3日新增新冠确诊病例37379例,系去年9月上旬以来最高日增数,新增新冠死亡病例124例。印度全国新冠检测阳性率3日为3.24%,是去年11月初的近3倍。全印现有新冠病例接近17.2万例,迄今累计新冠死亡病例48.2万例,病亡率大约1.38%。(吴宝澍)