Connect with us

China

တရုတ်နိုင်ငံသည် နျူးကလီးယား (၅) နိုင်ငံ ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းအပေါ် အရေးပါသည့်အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး Fu Cong အား တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နျူကလီးယားလက်နက်ပိုင်(၅)နိုင်ငံခေါင်းဆောင်များသည်《နျူကလီးယားစစ်ပွဲ ကာကွယ်တားဆီးရေးနှင့် စစ်လက်နက်ပြိုင်ဆိုင်မှု ရှောင်ရှားရေးဆိုင်ရာ ပူးတွဲကြေညာချက်》ကို ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံ ၅ နိုင်ငံ၏ ပူးတွဲကြေညာချက်တွင် တက်ကြွစွာ တွန်းအားပေးလုပ်ဆောင်ခဲ့ကြောင်းနှင့် ပူးတွဲကြေညာချက် ရရှိရန် တရုတ်ဉာဏ်ပညာများ ပံ့ပိုးပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လက်နက်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး Fu Cong က ဇန်နဝါရီ ၄ ရက် မီဒီယာများရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး Fu Cong အား တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

အဆိုပါ ထုတ်ပြန်ချက်သည် နိုင်ငံ ၅ နိုင်ငံခေါင်းဆောင်များ၏ နျူကလီးယားလက်နက်ဆိုင်ရာ ပထမဆုံး ပူးတွဲကြေညာချက် ဖြစ်သလို ၂၀၀၀ ပြည့်နှစ်က နယူးယောက်မြို့တွင် နိုင်ငံ ၅ နိုင်ငံခေါင်းဆောင်များ တွေ့ဆုံပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ပြီးနောက် နိုင်ငံတကာရေးရာကိစ္စကြီးများအပေါ် ထပ်မံကြေညာချက်ထုတ်ပြန်ကြောင်း Fu Cong ကဆိုသည်။

Fu Cong က ထုတ်ပြန်ချက်၏ အဓိက ပေါ်လွင်ချက်များကို ထပ်ဆင့်မိတ်ဆက်ပေးခဲ့ရာ- ပထမအချက်မှာ ” နျူကလီယား စစ်ပွဲသည် အနိုင်မရှိ၊ တိုက်၍လည်းမရ” ဆိုသည့်အတိုင်း နျူကလီးယားလက်နက်များသည် ခုခံကာကွယ်ရန်သာဖြစ်ကြောင်း၊ နယ်ချဲ့မှုနှင့် စစ်ပွဲများရန်လိုမှုများကို ဟန့်တားရန်၊ ဒုတိယအချက်မှာ “နျူကလီးယားလက်နက်ဖြင့် အပြန်အလှန် သို့မဟုတ် အခြားမည်သည့်နိုင်ငံကိုမျှ ထိုးချိန်မည် မဟုတ်”ဟူသော အရေးကြီး အကြောင်းအရာကို ထပ်မံအလေးထား ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ တတိယအချက်မှာ နှစ်ဘက်နှင့်ဘက်ပေါင်းစုံလက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များနှင့် ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းလိုက်နာရန် အရေးကြီးကြောင်းကို အလေးထားကြေညာခြင်း၊ စတုတ္ထအချက်မှာ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် စစ်လက်နက်ပြိုင်ဆိုင်မှုများမှ ရှောင်ကြဉ်ခြင်းတို့ကို ဆောင်ရွက်ရန် ကြေညာချက်တွင် အလေးထား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကာလအပိုင်းအခြားတစ်ခုတွင် အချို့အင်အားကြီးနိုင်ငံများသည် နိုင်ငံများအကြား အပြန်အလှန် ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ရာ အင်အားကြီးနိုင်ငံများကြား မဟာဗျူဟာလုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများ တင်းမာလာခဲ့ပြီး စစ်လက်နက်ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ကြောင်း၊ နိုင်ငံ ၅ နိုင်ငံသည် စစ်လက်နက်ပြိုင်ဆိုင်မှုကို တားဆီးရန် အတိအလင်းထုတ်ပြန်လိုက်ခြင်းသည် နိုင်ငံများကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်လက်နက်ပြိုင်ဆိုင်မှုကို အစားထိုးကာ ဘက်စုံတည်ငြိမ်ပြီး ဟန်ချက်ညီသော ဆက်ဆံရေးကို တည်ဆောက်ရန် အထောက်အကူဖြစ်ကြောင်း Fu Cong က ပြောကြားခဲ့သည်။

Fu Cong က တရုတ်နိုင်ငံသည် နိုင်ငံ၅နိုင်ငံပူးတွဲကြေညာချက်ထုတ်ပြန်မှုတွင် အရေးကြီးသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ကြေညာချက်၏ ညှိနှိုင်းရေးလုပ်ငန်းစဉ်တွင် တရုတ်က” နျူကလီးယား စစ်ပွဲသည် အနိုင်မရှိ၊ တိုက်၍လည်းမရ”အဆိုကိုဘက်ပေါင်းစုံမှသဘောတူရန်အလေးထားတွန်းအားပေးခဲ့သည့်အပြင် “နျူကလီးယားလက်နက်ဖြင့် အပြန်အလှန် သို့မဟုတ် အခြားမည်သည့်နိုင်ငံကိုမျှ ထိုးချိန်မည် မဟုတ်ကြောင်း” အဆိုကိုထပ်မံဖော်ပြခဲ့ပြီး အခြားအရေးကြီးသောအကြောင်းအရာများတွင်လည်းပါ၀င်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။လက်ရှိထုတ်ပြန်ချက်သည်နိုင်ငံ၅နိုင်ငံနျူကလီးယားမူဝါဒ၏အကြီးဆုံးကွန်ဗင်းရှင်းကိုဖော်ညွှန်းထားသည့် ထုတ်ပြန်ချက် အကြောင်းအရာသည်လည်း အပြုသဘောဆောင်ကြောင်း၊နိုင်ငံ၅နိုင်ငံသည်ဤအခြေခံပေါ်တွင်ထပ်ဆင့်တိုးကြိုးပမ်းမှုများ ပြုလုပ်ရန်အထူးသဖြင့် နျူကလီးယားလက်နက်အသုံးပြုမှုအပေါ်အခြေခံသည့် နျူကလီးယားလက်နက်ကို ဦးစွာအသုံးပြုခြင်းမပြုရေး နိုင်ငံတကာဥပဒေဆိုင်ရာ သဘောတူညီချက်အကြောင်းအရာ ရေးသားမှုများကို ညှိနှိုင်းဆုံးဖြတ်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်းအပေါ် အပြုသဘောဆောင်သော ကြိုးပမ်းမှုများကို တက်ကြွစွာ ဆက်လက်ကြိုးပမ်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုကြောင့် မူလကစီစဉ်ထားသော ဇန်နဝါရီ ၄ ရက်တွင် ကျင်းပမည့် 《နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်》ဆယ်ကြိမ်မြောက် စိစစ်ဆွေးနွေးခြင်းအစည်းအဝေးကို ထပ်မံရွှေ့ဆိုင်းခဲ့သည်။ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်သည် နိုင်ငံတကာနျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် နျူကလီးယားမပြန့်ပွားရေးစနစ်၏ အုတ်မြစ်ဖြစ်ပြီး စစ်ပြီးခေတ် နိုင်ငံတကာလုံခြုံရေးစနစ်၏ အဓိကထောက်တိုင်ဖြစ်ကြောင်း Fu Cong က ပြောကြားခဲ့သည်။ နိုင်ငံ ၅ နိုင်ငံသည် သက်ဆိုင်ရာအစည်းအဝေးအကြိုတွင် နျူကလီးယားပဋိပက္ခဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချရန်နှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတည်ငြိမ်မှုကို ထိန်းသိမ်းရန်ကတိပြုကြောင်း အချက်ပြချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်းသည် အစည်းအဝေး အောင်မြင်မှုနှင့် နျူကလီးယားနယ်ပယ်တွင် နိုင်ငံတကာ အုပ်ချုပ်မှု၌ အပြုသဘောဆောင်သော အားအင်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက နိုင်ငံတကာအသိုက်အဝန်းသည် သက်ဆိုင်ရာအစည်းအဝေး အခွင့်အလမ်းဖြင့် နျူးကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်၏အရေးပါမှုကိုအပြည့်အဝအသိအမှတ်ပြုပြီး ယခင်အစည်းအဝေးများ၏ ရလဒ်ကတိကဝတ်များကို ထပ်မံဖော်ပြရန်၊ နျူကလီးယားဖျက်သိမ်းရေး၊ နျူကလီးယားမပြန့်ပွားရေး၊ နျူကလီယားစွမ်းအင်ကို တရားမျှတစွာ အသုံးချခြင်း အဓိကမဏ္ဍိုင်သုံးခုကို ဟန်ချက်ညီညီ တွန်းအားပေးဆောင်ရွက်ကာ နိုင်ငံတကာနျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် နျူကလီးယားမပြန့်ပွားရေးစနစ်အား အကာအကွယ်ပေးရေးဆိုင်ရာ ရှင်းလင်းပြတ်သားသောအချက်ပြမှုကို ပေးပို့သင့်ကြောင်း ၎င်းကဆိုသည်။

Fu Cong က နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်ပြီး နျူကလီးယားလက်နက်မပြန့်ပွားရေးသဘောတူစာချုပ်အရ ပြဌာန်းထားသော နျူကလီးယားလက်နက်နိုင်ငံဖြစ်ရာ ၎င်းတို့သည် အဆိုပါကိစ္စရပ်တွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊ ထို့ပြင် နိုင်ငံ ၅ နိုင်ငံသည် မဟာဗျူဟာတည်ငြိမ်ရေးကိစ္စရပ်နှင့် ပတ်သက်၍ ဆက်သွယ်ရေးပိုမိုအားကောင်းစေကာ အမျိုးသားလုံခြုံရေးမူဝါဒများတွင် နျူကလီးယားလက်နက်များ၏ အခန်းကဏ္ဍ လျှော့ချရေးအပြင် ဒုံးကျည်ပစ်လွှတ်ခြင်း၊ အာကာသ၊ ဆိုက်ဘာနှင့် ဉာဏ်ရည်တုဆိုင်ရာ ကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း စေ့စပ်ဆွေဆွေးနွေးမှုများ ပြုလုပ်သင့်သည်။ တရုတ်နိုင်ငံသည် အခြားလေးနိုင်ငံနှင့် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းစေရေး၊မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကမ္ဘာကို တည်ဆောက်ရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)

……………………………………
(Chinese Version)
外交部官员:中国为推动五核国发表联合声明作出重要贡献

2022-01-04 21:55:28 分类: 政治法律   新华社北京1月4日电(记者成欣)中国、俄罗斯、美国、英国、法国五个核武器国家领导人3日共同发表《关于防止核战争与避免军备竞赛的联合声明》。外交部军控司司长傅聪4日在相关媒体吹风会上说,中国是五核国联合声明的积极推动者,为联合声明的达成贡献了重要智慧。

“这是五国领导人首次就核武器问题共同发声,也是继2000年五国领导人在纽约举行会晤并发表声明后,再次就重大国际议题共同发声。”傅聪说。

傅聪进一步介绍了声明的主要亮点:一是强调“核战争打不赢也打不得”,核武器应服务于防御目的、慑止侵略和防止战争;二是重申不将核武器瞄准彼此或其他任何国家;三是强调维护和遵守双多边军控协议和承诺的重要性;四是强调避免军事对抗、防止军备竞赛。

“一段时间以来,个别国家渲染大国竞争,导致大国战略安全关系日益紧张,军备竞赛有不断加剧之势。五核国发出防止军备竞赛的明确信号,有助于以协调合作代替大国竞争,构建总体稳定、均衡发展的大国关系。”傅聪说。   傅聪表示,中国为推动五核国发表联合声明作出了重要贡献。他说,声明磋商过程中,除推动各方同意强调“核战争打不赢也打不得”外,中方还推动写入重申不将核武器瞄准彼此或其他任何国家等重要内容。“应该说,目前声明体现了五核国核政策的最大公约数,内容是积极的。中方希望五核国能在此基础上进一步努力,特别是放弃以首先使用核武器为基础的核威慑政策,承诺互不首先使用核武器并就此谈判缔结国际法律文书。中方愿继续为此作出积极的努力。”

受新冠肺炎疫情影响,原定1月4日起举行的《不扩散核武器条约》第十次审议大会再次推迟。傅聪表示,《不扩散核武器条约》是国际核裁军与核不扩散体系的基石,是战后国际安全体系的关键支柱。五核国在相关会议前夕发表声明,发出了五核国共同致力于减少核冲突风险、维护全球战略稳定的重大信号,为推动大会取得成功、加强核领域国际治理注入了正能量。

傅聪说,中方认为,国际社会应以相关会议为契机,充分肯定《不扩散核武器条约》的重要作用,重申对往届审议大会成果的承诺,平衡推进核裁军、核不扩散与和平利用核能三大支柱,就维护国际核裁军与核不扩散体系发出明确信号。

傅聪表示,五核国是联合国安理会常任理事国,也是《不扩散核武器条约》法定的核武器国家,理应在此方面发挥领导作用。下一步,五核国应进一步就战略稳定问题加强沟通,围绕降低核武器在国家安全政策中的作用,以及反导、外空、网络、人工智能等广泛议题进行深入对话。中方愿继续与其他四国加强沟通协作,增进战略互信,为建设持久和平、普遍安全的世界发挥领导作用。(完)