Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံမှ အီဂျစ်သို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေး အသုတ်အသစ် ကိုင်ရိုမြို့သို့ရောက်ရှိ

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးများ အီဂျစ်နိုင်ငံ ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိလာသည်ကိုဖေဖော်ဝါရီ၂၃ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို၊နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်အစိုးရက အီဂျစ်အစိုးရသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေးအသုတ်သစ်သည် ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၁ ရက်တွင်ရောက်ရှိခဲ့ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသော ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးများ အီဂျစ်နိုင်ငံ ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိလာသည်ကိုဖေဖော်ဝါရီ၂၃ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဤကာကွယ်ဆေးအသုတ်သည် အီဂျစ်-တရုတ် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ တရုတ်အစိုးရက ကူညီပံ့ပိုးပေးကြောင်း ထိုနေ့တွင် အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အီဂျစ်ပိရိမစ်အွန်လိုင်းဝဘ်ဆိုဒ်နှင့် အခြားသော ပင်မမီဒီယာများက ယင်းနှင့်ပတ်သက်ပြီး အစီရင်ခံတင်ပြကြရာ လာမည့်ရက်များတွင် အီဂျစ်ကျန်းမာရေးဝန်ကြီးဌာန၌ ယင်းကာကွယ်ဆေးအသုတ်အား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-အီဂျစ် ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်တွင် စတင်ခဲ့သည်။ ထိုနေ့တွင်ပင် အီဂျစ်ကျန်းမာရေးဝန်ကြီး Hala Zayed သည် ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ကြောင်း ၊ ကိုင်ရို၊ Luxor နှင့် Aswan ရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာ (၃) ခုတွင်LED light show ဖြင့်ပြသကာ တရုတ်နိုင်ငံအလံကို တစ်ပြိုင်နက်ထွန်းညှိခဲ့ပြီး တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအပေါ် အီဂျစ်အစိုးရနှင့် ပြည်သူများ၏ ခိုင်မာသော ထောက်ခံမှုကို ပြသခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် အီဂျစ်နိုင်ငံသို့ တရုတ်နိုင်ငံမှ ပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့ပြီး အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးရုံးသို့ ပံ့ပိုးပေးသော ကိုးဗစ်ကာကွယ်ဆေးသည်လည်း အလားတူလေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။ ယခုနှစ် ဧပြီတွင် Beijing Sinovac Biotech,Ltd နှင့် အီဂျစ်ဇီဝဗေဒ ထုတ်ကုန်များနှင့် ကာကွယ်ဆေးကုမ္ပဏီတို့သည် အီဂျစ်တွင် Sinovac vaccines ကာကွယ်ဆေး ထုတ်လုပ်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မေလတွင်၊ တရုတ်နိုင်ငံမှဝယ်ယူသော ပထမအသုတ်Sinovac vaccines stock solution သည်အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ရောက်ရှိလာပြီး ဖြည့်စွက်ထုတ်လုပ်ခြင်းကို စတင်ခဲ့သည်။ ဇူလိုင် ၅ ရက်တွင် အီဂျစ်ဝန်ကြီးချုပ် Madbuli က တရုတ်Sinovac vaccines ပထမအသုတ် ထုတ်လုပ်မှု အပြီးသတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)中国援助埃及新一批新冠疫苗抵达开罗
新华社开罗11月1日电(记者吴丹妮)中国驻埃及大使馆11月1日发表声明说,中国政府向埃及政府援助的新一批新冠疫苗当天抵达开罗国际机场。   埃及卫生部同日发表声明说,该批疫苗是在埃中抗疫合作框架下由中国政府援助。埃及金字塔在线网站等主流媒体对此进行报道,该批疫苗的交接仪式将于近日在埃卫生部举行。   中埃抗疫合作始于2020年3月1日。当天,埃及卫生部长哈拉•扎耶德携一批援助物资启程访华;位于开罗、卢克索、阿斯旺的三大世界文化遗产地以灯光秀形式同时点亮五星红旗,表达埃及政府和人民对中国抗击疫情的坚定支持。   2021年2月23日,中国援助埃及的首批新冠疫苗运抵开罗,援助阿盟秘书处的新冠疫苗也同机抵达。今年4月,科兴公司和埃及生物制品与疫苗公司签署在埃及生产科兴疫苗的协议。5月,埃及从中国采购的首批科兴疫苗原液运抵开罗,开始灌装生产。7月5日,埃及总理马德布利宣布,埃及已完成首批中国科兴疫苗的生产。(完)