Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံက ကူညီထောက်ပံ့သည့် COVID-19 ထိန်းချုပ်ရေး ထောက်ပံ့ပစ္စည်း အသစ်တစ်သုတ်ဆော်လမွန်ကျွန်းစုများနိုင်ငံ သို့ရောက်ရှိ

ဆော်လမွန်ကျွန်းစုများနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Li Ming (ယာ) နှင့် ဆော်လမွန်ကျွန်းစုများနိုင်ငံ ကျန်းမာရေး၀န်ကြီး Culwick Togamana တို့က ဖေဖော်ဝါရီ ၁၈ ရက် မြို့တော် Honiara တွင် ကျင်းပသော COVID-19 တိုက်ဖျက်ရေး ထောက်ပံ့ပစ္စည်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်စဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ ကူညီထောက်ပံ့ပေးသည့် ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ထောက်ပံ့ပစ္စည်းများနှင့် ရဲတပ်ဖွဲ့သုံးထောက်ပံ့ပစ္စည်း အသစ်တစ်သုတ်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆော်လမွန်ကျွန်းစုများနိုင်ငံ မြို့တော် Honiara သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

တရုတ်-ဆော်လမွန် နှစ်နိုင်ငံမှ လေဆိပ်တွင် အလေးထားရိုးရှင်းသည့် ကြိုဆိုပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ လက်ရှိ ဆော်လမွန်အစိုးရနှင့် ပြည်သူတို့က ကိုဗစ်ကပ်ရောဂါနှင့် အဓိကရုဏ်းများ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုနှစ်ရပ်ကို ရင်ဆိုင်နေရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လူသားမျိုးနွယ်ကံကြမ္မာအကျိုးတူ အသိုက်အဝန်း အတွေးအမြင်ကို လက်ကိုင်ပြုကာ ဆော်လမွန်၏ စိုးရိမ်မှုကို ဂရုပြု၍ ၎င်းတို့ထံ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး ထောက်ပံ့ပစ္စည်းများနှင့် ရဲတပ်ဖွဲ့သုံးထောက်ပံ့ပစ္စည်းများကို တက်ကြွစွာ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဆော်လမွန်ကျွန်းစုများနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Li Ming က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် ပစ္စည်းများက ဆော်လမွန်ကျွန်းစုများနိုင်ငံ မြို့တော် Honiara သို့ ဖေဖော်ဝါရီ ၁၈ ရက်က ရောက်ရှိစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် ပစ္စည်းများက ဆော်လမွန်ကျွန်းစုများနိုင်ငံ မြို့တော် Honiara သို့ ဖေဖော်ဝါရီ ၁၈ ရက်က ရောက်ရှိစဉ် (ဆင်ဟွာ)

ဆော်လမွန်ကျွန်းစုများနိုင်ငံ ကျန်းမာရေး၀န်ကြီး Culwick Togamana အား မြို့တော်Honiara တွင်ကျင်းပသည့် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ထောက်ပံ့ပစ္စည်းများတွင် တရုတ်ဗဟိုအစိုးရမှ ကူညီပေးသည့် nucleic acid ရောဂါစစ်ဆေးရေးကိရိယာများ၊ အောက်ဆီဂျင်စက်များအပြင် ကွမ်တုန်းပြည်နယ်ရှိ တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံ အရေးပေါ်အကူအညီပေးရေး သိုလှောင်ရာမှ တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးပစ္စည်းများလည်း ပါဝင်ကြောင်း၊ တရုတ်-ဆော်လမွန် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံက လက်တွေ့ကျကျလှုပ်ရှားသူဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ဆော်လမွန်သို့ ကူညီပံ့ပိုးမှုသည် အခြားသူကို ဖယ်ကြဉ်ခြင်းအသိုက်အဝန်းငယ် လုပ်ဆောင်ခြင်းမဟုတ်သလို တတိယနိုင်ငံကို ပစ်မှတ်ထားခြင်းလည်းမဟုတ်ကြောင်း၊ ပစိဖိတ်ဒေသတွင်း တည်ငြိမ်ပြီး သာယာဝပြောမှုကို တွန်းအားပေးကာ သက်ဆိုင်ရာနိုင်ငံအသီးသီးအတွက် ဘုံအကျိုးဖြစ်ထွန်းရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း Li Ming က ပြောကြားခဲ့သည်။

ထို့ပြင် ဆော်လမွန်ကျွန်းစုများနိုင်ငံ ကျန်းမာရေး၀န်ကြီး Culwick Togamana က တရုတ်နိုင်ငံ၏ စိတ်ရင်းမှန်နှင့် အချိန်မီ ပံ့ပိုးကူညီမှုအပေါ် ကျေးဇူတင်ရှိပါကြောင်း၊ တရုတ်အကူအညီပစ္စည်းများ အချိန်မီရောက်ရှိလာခြင်းသည် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ ရောဂါစမ်းသပ်ခြင်းနှင့် အကာအကွယ်ပေးခြင်းစနစ်ကို အားကောင်းစေကာ ကပ်ရောဂါ ပြန့်ပွားမှုအန္တရာယ်ကို ထိရောက်စွာ ထိန်းချုပ်ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆော်လမွန်အစိုးရနှင့် ပြည်သူများက တရုတ်နိုင်ငံ၏ ရက်ရောစွာ ပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ အကူအညီအောက်တွင် အခက်အခဲများကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဆော်လမွန်ကျွန်းစုများနိုင်ငံ၏ ဒုတိယရဲမှူးချုပ် Fawasso က ရဲတပ်ဖွဲ့သုံး အထောက်အပံ့ပစ္စည်းများနှင့် ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်ခြင်းအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်-ဆော်လမွန် နှစ်နိုင်ငံ ရဲတပ်ဖွဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာရန် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)中国政府新一批援助抗疫和警用物资运抵所罗门群岛
2022-02-18 21:50:27 分类: 政治法律
新华社悉尼2月18日电(记者郝亚琳)霍尼亚拉消息:中国政府新一批援助所罗门群岛政府抗疫及警用物资18日运抵所首都霍尼亚拉。
中所双方在机场举行简短、隆重的欢迎仪式。中国驻所罗门群岛大使李明在致辞中表示,当前所罗门群岛政府和人民面临新冠疫情和骚乱影响带来的双重挑战,中方秉持人类命运共同体理念,急所方之所急,积极向所提供抗疫及警用物资援助。
李明表示,本批物资中,既有中国中央政府援助的检测试剂和制氧机,也有广东省政府从中国-太平洋岛国应急物资储备库调拨的个人防护设备。在发展中所关系方面,中国是行动派、实干家。中国对所援助不搞排他性的小圈子,不针对第三方,促进的是整个太平洋地区的和平、稳定与繁荣,符合有关各方的共同利益。
所卫生部长托加马纳感谢中方真诚、宝贵、及时的援助。托加马纳表示,中方援助物资及时运抵,将有力加强对全国民众的检测和保护力度,有效控制疫情传播。所政府和人民感谢中方的慷慨捐赠,相信在中方帮助下,所罗门群岛一定能渡过难关。
所警察部队副总警监法瓦索感谢中方提供新一批警用及抗疫物资,并表示所警方愿加强同中国警务合作,进一步系牢两国警务安全合作纽带。(完)
图说1-2月18日,在所罗门群岛首都霍尼亚拉,中国驻所罗门群岛大使李明(右)和所卫生部长托加马纳在欢迎仪式上合影。 新华社发(中国驻所罗门群岛大使馆供图)
图说2- 2月18日,中国政府援助物资运抵所罗门群岛首都霍尼亚拉。 新华社发(中国驻所罗门群岛大使馆供图)
图说3- 2月18日,中国政府援助物资运抵所罗门群岛首都霍尼亚拉。 新华社发(中国驻所罗门群岛大使馆供图)
图说4- 2月18日,在所罗门群岛首都霍尼亚拉,所卫生部长托加马纳出席欢迎仪式。 新华社发(中国驻所罗门群岛大使馆供图)