Connect with us

COVID-19 UPDATES

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်တိုး အတည်ပြုလူနာဦးရေ အများဆုံး (၁၅,၀၀၀)ကျော်ဖြင့် စံချိန်တင်ခဲ့

ဂျပန်နိုင်ငံ Shizuokaစီရင်စု၌ စက်ဘီပြိုင်ပွဲ ကြည့်ရှုအားပေးနေကြသည့် ပရိသတ်များအား ဇူလိုင် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

ဩဂုတ် ၅ ရက် ၁၈ နာရီ ၃၀ မိနစ် အထိ ဂျပန်နိုင်ငံတွင် ကိုဗစ်ထပ်တိုးအတည်ပြုလူနာ (၁၅,၂၆၃)ဦး စစ်ဆေးတွေ့ရှိခဲ့ရာ ယင်းမှာ အမြင့်ဆုံး စံချိန်တင်အရေအတွက်ဖြစ်ကြောင်း NHK ရုပ်သံ၏စာရင်းများအရ သိရသည်။

ယင်းနေ့အထိ ဂျပန်တွင် စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ (၉၈၆,၄၅၁)ဦး ၊ ဩဂုတ် ၅ ရက်တွင် ထပ်တိုးသေဆုံးသည့် လူနာ (၅)ဦးဖြင့် စုစုပေါင်း သေဆုံးလူနာ(၁၅,၂၄၁)ဦး ရှိကြောင်း ကိန်းဂဏန်းများဖော်ပြချက်များအရ သိရသည်။ ထိုနေ့က တိုကျိုမြို့တွင် အသစ်ထပ်တိုး အတည်ပြုလူနာ (၅,၀၄၂)ဦး ရှိပြီး တိုကျိုမြို့နှင့်ဆက်စပ်နေသည့် Kanagawaစီရင်စုတွင် ထပ်တိုးလူနာ (၁,၈၄၆)ဦး ၊ Saitamaစီရင်စုတွင် (၁,၂၃၅)ဦး၊ Chiba စီရင်စုတွင် (၉၄၂)ဦး အသီးသီးရှိရာ တစ်ရက်ထဲ လူနာအများဆုံးတွေ့ရှိသည့် ကပ်ရောဂါကာလ စံချိန်သစ်တင် တိုးမြင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြို့နှင့် စီရင်စု(၃)ခု၏ မြို့တော်တစ်ဝိုက်ဒေသများတွင် ရောဂါ အကြီးအကျယ်ဖြစ်ပွားနိုင်သည့် အနေအထားရှိကြောင်း ဂျပန်မီဒီယာများက သုံးသပ်ဖော်ပြထားသည်။

ယခင်က မကြုံခဲ့ရဖူးသည့် ရောဂါပြန့်ပွားမှုနှုန်းဖြင့် ကြုံတွေနေရကြောင်း ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာရှင်းများက ဩဂုတ် ၅ ရက်က တိုကျိုမြို့ ကပ်ရောဂါစောင့်ကြည့်ထိန်းချုပ်ရေး အစည်းအဝေး၌ ပြောကြားခဲ့သည်။ “အခု ဒီ ကူးစက်နှုန်းအတိုင်းသာဆိုရင် နှစ်ပတ်နောက်ပိုင်း တိုကျိုမြို့၏ရက်သတ္တပတ်ပျမ်းမျှထပ်တိုး အတည်ပြုလူနာဦးရေ တစ်ရက် (၁)သောင်းကျော် ရှိနိုင်တယ်”ဟု ဆိုသည်။ Kyoto တက္ကသိုလ် ပါမောက္ခ Hiroshi Nishiuraဦးဆောင်သည့်အဖွဲ့၏ ခန့်မှန်းတွက်ချက်မှုများအရ ဩဂုတ် ၁၂ ရက် ဝန်းကျင်ခန့်တွင် တိုကျို၏ နေ့စဉ်ထပ်တိုးအတည်ပြုလူနာ ဦးရေ (၁)သောင်းထိ တိုးလာမည် ဖြစ်ကြောင်း ဆိုသည်။

ကိုဗစ်-၁၉ ရောဂါ ပြင်းထန်သူနှင့် ရောဂါပြင်းထန်နိုင်သည့် အန္တရာယ်မြင့်မားသူများသာ ဆေးရုံတက်နိုင်မည့် သတ်မှတ်ချက်မှ ရောဂါပြင်းထန်လူနာအပါအဝင်၊ အလယ်အလတ်အဆင့်ရှိ အောက်ဆီဂျင်လိုအပ်သည့် လူနာ နှင့် လက်တလော အောက်ဆီဂျင်မလိုအပ်သော်လည်း ရောဂါပြင်းထန်နိုင်သည့်လူနာများကို ဆေးရုံတက်ခွင့်ပြုကြောင်း ဂျပန်အစိုးရက ဩဂုတ် ၅ ရက်တွင် ပြင်ဆင်သတ်မှတ်ခဲ့သည်။ (Xinhua)
———————————–
(Chinese Version)

(国际疫情)日本新增新冠确诊病例数超1.5万再创新高
2021-08-05 23:20:46
新华社东京8月5日电(记者郭丹)据日本广播协会电视台统计,截至5日18时30分(北京时间17时30分),日本当天新增新冠确诊病例15263例,再创疫情发生以来新高。
数据还显示,迄今日本累计新冠确诊病例986451例;5日该国新增新冠死亡病例8例,累计死亡15241例。东京都当天新增确诊病例5042例,与东京都相邻的神奈川县当天新增1846例,埼玉县新增1235例,千叶县新增942例,均创新冠疫情发生以来新高。日本媒体评论说,包含上述1都3县的首都圈地区已呈现疫情“暴发态势”。
疾控专家们5日在东京都疫情监控会议上表示,当地新冠疫情正以前所未有的速度暴发。“按照现在的感染速度,两周后东京都的7天平均日增新冠确诊病例将超过1万例。”另据京都大学西浦博教授带领的团队模拟测算,预计到8月12日左右,东京都日增新冠确诊病例将达1万例。
日本政府5日修改了只有新冠重症患者和重症风险较高的患者才能住院的规定,允许住院对象包括新冠重症患者、中等症状中需要吸氧的患者,以及暂不需吸氧但有重症风险的患者。(完)

图说1:7月24日,观众在终点附近观看公路自行车比赛。新华社记者 贺长山 摄