Connect with us

North America

အမေရိကန်နိုင်ငံ ကျောင်းတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ၊ သေနတ်သမားမှာ ဆယ်ကျော်သက် ကျောင်းသူတစ်ဦးဖြစ်နေ

ဟူစတန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်ပြည်နယ် မက်ဒီဆင်မြို့တွင် ဒီဇင်ဘာ ၁၆ ရက်က ကျောင်းတွင်း သေနတ်ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအဝင် လူ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ သေနတ်သမားမှာ ထိုကျောင်းရှိ ဆယ်ကျော်သက် ကျောင်းသူတစ်ဦးဖြစ်ကြောင်း မက်ဒီဆင်မြို့ ရဲစခန်းမှူး Shon Barnes က ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည့် သေနတ်သမားအပြင် သေဆုံးသူ ၂ ဦးမှာ ကျောင်းသားသို့မဟုတ်ကျောင်းသူနှင့် ဆရာ သို့မဟုတ် ဆရာမဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ၆ ဦးလုံးမှာ ကျောင်းသူ/ကျောင်းသားများဖြစ်ပြီး ၎င်းတို့အနက် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များ ကျောင်းဝင်းအတွင်း ဝင်ရောက်ပြီးနောက် ပစ်ခတ်မှု မရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သေနတ်သမားသည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်သည့် တင်ပြချက်များကို ကြားသိပြီးကြောင်း သိရသည်။
ယခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ အမေရိကန်နိုင်ငံတွင် သေနတ်ပစ်ခတ်မှု ၄၈၇ မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှုကြီးဖြစ်ပွားခဲ့ရာ အသက် ၁၇ နှစ်အောက် အရွယ်မရောက်သေးသူ ၁,၃၀၀ ကျော်သည် သေနတ်ကိုင်အကြမ်းဖက်မှုတွင် သေဆုံးခဲ့ကြောင်း အမေရိကန်နိုင်ငံ “Gun Violence Archive” ဝက်ဘ်ဆိုက်မှ စာရင်းဇယားများအရ သိရသည်။ (Xinhua)
……………………..
(Chinese Version)
美国校园枪击案已致3死6伤 枪手为十几岁学生
新华社休斯敦12月16日电 美国威斯康辛州麦迪逊市16日发生一起校园枪击事件,造成包括枪手在内的3人死亡,6人受伤。麦迪逊市警察局长肖恩·巴恩斯说,枪手是一名十几岁在校学生。
除了当场死亡的枪手,两名死者分别是学生和教师。6名伤者均为学生,其中2人伤势严重、生命垂危。
警方进入校园后没有开枪。按警方说法,枪手系自杀身亡。
美国总统拜登已听取有关这起枪击事件的汇报。
据美国“枪支暴力档案”网站统计,今年截至12月15日,美国已发生487起造成至少4人伤亡的大规模枪击事件,逾1300名17岁以下未成年人死于枪支暴力。(记者:徐剑梅;视频:王科文、杨舒怡)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.