Connect with us

China

အတွင်းမွန်ဂိုလီးယားဒေသ ထုန်းလျောင်မြို့တွင် ခဲအယ်ချင့်သဲမြေ တိုက်ဖျက်ရေး လှုပ်ရှားမှု အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထုန်းလျောင်မြို့၊ ခဲအယ်ချင့် ကျော်ရိ ဟို့ချီ ရှိ စုလိကူထိုင် သဲကန္တာရကာကွယ်ရေးနှင့် သဲကန္တာရစီမံခန့်ခွဲရေး စီမံကိန်းနယ်မြေအား ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထုန်းလျောင် (အတွင်းမွန်ဂိုလီးယား)၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထုန်းလျောင်မြို့၊ ခဲအယ်ချင့် ကျော်ရိ ဟို့ချီ ရှိ စုလိကူထိုင် သဲကန္တာရကာကွယ်ရေးနှင့် သဲကန္တာရစီမံခန့်ခွဲရေး စီမံကိန်းနယ်မြေတွင် အလုပ်သမားများသည် ကောက်ရိုးကွက်များခင်းကျင်းခြင်းနှင့် Scots ထင်းရှူးပင်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ကာ သဲသောင်ပြင်များကို အစိမ်းရောင် ဆင်မြန်းပေးခဲ့သည်။
အဆိုပါစီမံကိန်းနယ်မြေရှိ သဲပြင်ဧရိယာသည် တရုတ်မူ ၃,၀၀၀ (၂၀၀ ဟက်တာ) နီးပါး ကျယ်ဝန်းပြီး ခဲအယ်ချင့် ကျော်ရိ ဟို့ချီတွင် စီမံခန့်ခွဲရန်လိုအပ်သော ရွေ့လျားနေသော၊ တစ်စိတ်တစ်ပိုင်းရွေ့လျားနေသော နောက်ဆုံးကျန်ရှိနေသည့် သဲမြေဖြစ်သည်။
ယင်းနေရာအား အောင်မြင်စွာ စီမံခန့်ခွဲနိုင်ပါက အဆိုပါ ချီ အတွင်းရှိ ၁၁.၆ သန်း တရုတ်မူ ကျယ်ဝန်းသော ခဲအယ်ချင့်သဲမြေ၏ ရွေ့လျားနေသော၊ တစ်စိတ်တစ်ပိုင်းရွေ့လျားနေသော သဲခုံများအားလုံးကို အောင်မြင်စွာ စီမံခန့်ခွဲပြီးပြီဟု ဆိုနိုင်ပေသည်။ ၂၀၂၆ ခုနှစ်တွင် ထုန်းလျောင်မြို့သည် ခဲအယ်ချင့်သဲမြေအကျယ်အဝန်း တရုတ်မူ ၄ သန်းကို ပြီးမြောက်အောင် စီမံခန့်ခွဲရမည်ဖြစ်ပြီး ယင်းအနက် “တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း သစ်တောစီမံကိန်း” ၏ လုပ်ငန်းပမာဏမှာ တရုတ်မူ ၁.၄၈၅၇ သန်း အထိရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထုန်းလျောင်မြို့၊ ခဲအယ်ချင့် ကျော်ရိ ဟို့ချီ ရှိ စုလိကူထိုင် သဲကန္တာရကာကွယ်ရေးနှင့် သဲကန္တာရစီမံခန့်ခွဲရေး စီမံကိန်းနယ်မြေတွင် အလုပ်သမားများ အပင်စိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

……………………………
(Chinese Version)
内蒙古通辽:科尔沁沙地歼灭战进行时
新华社照片,通辽(内蒙古),2026年4月20日
4月19日,在内蒙古通辽市科尔沁左翼后旗束力古台防沙治沙项目区,治沙工人们铺设草方格、栽种樟子松,为黄沙披上“绿装”。据了解,该项目区沙地面积近3000亩,是科尔沁左翼后旗最后一块待治理的流动、半流动沙地,其治理完成意味着该旗境内1160万亩科尔沁沙地的流动、半流动沙丘将全部得到治理。2026年,通辽市要完成科尔沁沙地治理400万亩,其中“三北”工程任务量达148.57万亩。
图说1:这是束力古台防沙治沙项目区(4月19日摄,无人机照片)。 新华社记者 连振 摄
图说2:4月19日,治沙工人们在束力古台防沙治沙项目区植树。新华社记者 连振 摄