Connect with us

ASEAN

ကမ္ဘောဒီးယားနိုင်ငံတွင် အသက် ၁၀၁ နှစ်အရွယ် အဘွားအိုအား တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးဖြင့် အပြည့်အဝကာကွယ်ဆေးထိုးနှံပြီးဖြစ်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာတွင် Sinovac COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှု ခံယူနေသော ဟိုခမ်းအား ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အသက် ၁၀၁ နှစ်အရွယ် ကမ္ဘောဒီးယားအမျိုးသမီးတစ်ဦးဖြစ်သူ ဟိုခမ်း (Ho Kham) သည် ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး နှစ်ကြိမ် အပြည့်အဝထိုးနှံပြီးသည့် အသက်အကြီးဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်လာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာတွင် Sinovac COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှု ခံယူရန် ရောက်ရှိလာသည့် ဟိုခမ်းအား ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာတွင် Sinovac COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှု ခံယူရန် ရောက်ရှိလာသည့် ဟိုခမ်းအား ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်း၏သား အကူအညီဖြင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် လိုက်ပါလာသော အဆိုပါ အမျိုးသမီးသည် မြို့တော် ဖနွမ်းပင်ရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ ဇူလိုင် ၂ ရက်က ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာခဲ့သည်။

ပြင်သစ်နိုင်ငံသားအဖြစ်လည်း ခံယူထားသူ ခမ်းသည် သူမ၏ ပြင်သစ်ဆရာဝန်က သူမအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် စိတ်ချရကြောင်း ဆုံးဖြတ်ပေးခဲ့ပြီးနောက် Sinovac ကာကွယ်ဆေးဖြင့် ဆန္ဒအလျောက်ထိုးနှံမှုခံယူရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသက် ၆၅ နှစ်အရွယ် သားဖြစ်သူ Seng Sarin က ပြောကြားခဲ့သည်။

“သူကိုယ်တိုင်က ကာကွယ်ဆေးထိုးဖို့ စိတ်အားထက်သန်နေတာ။ ဘာလို့လဲဆိုတော့ ကပ်ရောဂါအတွင်း ဘေးကင်းစိတ်ချစွာ နေချင်တာလေ” ဟု ၎င်းက မိခင်ကိုယ်စား သတင်းထောက်များအား ပြောခဲ့သည်။ ၎င်း၏မိခင်မှာ ၁၉၈၀ ခုနှစ်ကတည်းက ပြင်သစ်နိုင်ငံတွင် နေထိုင်ခဲ့ပြီး လွန်ခဲ့သည့် လေးနှစ်ကမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသဖြင့် ခမာဘာသာစကား အနည်းငယ်သာ ပြောကြားနိုင်ကြောင်းသိရသည်။

“ကာကွယ်ဆေးက တော်တော်လေး ဘေးကင်းပါတယ်။ သူ (အမေ) ပထမဆုံး ကာကွယ်ဆေးထိုးပြီးကတည်းက ဘေးထွက်ဆိုးကျိုး လုံးဝမတွေ့ခဲ့ရဘူး” ဟု Sarin က ဖြည့်စွက်ပြောခဲ့သည်။

ခမ်း၏ ကာကွယ်ဆေးထိုးနှံမှုသည် အခြားသူများအား ၎င်းတို့ကိုယ်တိုင်အတွက် COVID-19 ရောဂါမှ ကာကွယ်နိုင်ရန် သူမကဲ့သို့ ကာကွယ်ဆေးထိုးနှံမှုခံယူကြစေရေး လှုံ့ဆော်ပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်နှင့် ပြောခွင့်ရပုဂ္ဂိုလ် Or Vandine က ပြောခဲ့သည်။

“ဒါဟာ ကာကွယ်ဆေးက အသက်တွေကို ကာကွယ်ဖို့ အင်မတန်အရေးကြီးကြောင်း ရှင်းရှင်းလင်းလင်း ပြသထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခွင့်ပြုထားတဲ့ Sinovac ဒါမှမဟုတ် အခြားကာကွယ်ဆေးတွေက ဘေးကင်းစိတ်ချ ထိရောက်မှုရှိပြီး လူ့အသက်တွေကို ကယ်တင်နိုင်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၁၀၀ နှင့် ၁၀၃ နှစ်ကြား အသက်အရွယ်ရှိသူ ၈ ဦးရှိကြောင်း ၎င်းက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူးကြီး ချန်ကျန့်ကလည်း အဆိုပါ အဘွားအိုအား ပန်းစည်းလက်ဆောင်ပေးအပ်ခဲ့သလို ဆုမွန်ကောင်းလည်း ပို့သခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen ၏ ဦးဆောင်မှုနှင့် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေး တိုက်ပွဲကို အနိုင်ယူနိုင်လိမ့်မည်ဖြစ်ကြောင်း ချန် က ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ရောဂါကူးစက်မှုအသစ်များ ဆက်လက်မြင့်တက်နေချိန်တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလမတိုင်မီ နိုင်ငံလူဦးရေ ၁၆ သန်းအနက် အနည်းဆုံး ၁၀ သန်းအား ဆေးထိုးနှံပေးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင် ၂ ရက်က COVID-19 ရောဂါဖြစ်ပွားမှုအသစ် ၉၆၆ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၅၂,၃၅၀ ဦးရှိပြီဖြစ်ကြောင်း၊ ထပ်မံသေဆုံးသူ ၃၂ ဦး ရှိခဲ့ရာ စုစုပေါင်း သေဆုံးသူအရေအတွက် ၆၆၀ အထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကာကွယ်ဆေးထိုးနှံခြင်းအား ဖေဖော်ဝါရီ ၁၀ ရက်၌ စတင်ဆောင်ရွက်ခဲ့ပြီး အခြားပြည်နယ်များ၌ တိုးချဲ့ဆောင်ရွက်ခြင်းမပြုမီ မြို့တော် ဖနွမ်းပင်နှင့် Kandal ပြည်နယ်၌ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင် ၁ ရက်အထိ ကာကွယ်ဆေးအလုံးရေ ၇.၄ သန်းခန့် ထိုးနှံခဲ့ပြီးဖြစ်ပြီး လူဦးရေ ၄.၃ သန်းမှာ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်သလို ၃.၁ သန်းမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
101-year-old grandma in Cambodia fully vaccinated with China’s Sinovac vaccine
Source: Xinhua| 2021-07-03 00:51:36|Editor: huaxia
PHNOM PENH, July 2 (Xinhua) — Ho Kham, a 101-year-old Cambodian woman, has become one of the oldest persons in Cambodia to be fully vaccinated with two doses of China’s Sinovac COVID-19 vaccine.
Riding in a wheelchair assisted by her son, the lady went to an inoculation site in capital Phnom Penh on Friday for her second shot of the jab.
Kham, who also holds a French citizenship, has volunteered to get vaccinated with the Sinovac vaccine after her French doctor decided that she was safe to receive the vaccine, according to her 65-year-old son, Seng Sarin.
“She’s keen to get the jab by herself because she wants to stay safe during the pandemic,” he told reporters on behalf of his mother, who can only speak a little Khmer language because she had been living in France since 1980 and just returned to Cambodia four years ago.
“The vaccine is quite safe, I see no any side effect since she has gotten her first dose,” Sarin added.
Cambodian health ministry’s secretary of state and spokeswoman Or Vandine said Kham’s vaccination would inspire others to follow suit in order to protect themselves from COVID-19.
“This clearly shows that vaccine is very important to protect lives,” she told reporters. “Either Sinovac or other vaccines approved by the World Health Organization are safe, effective and save lives.”
She said that so far, eight persons aged between 100 and 103 years old in the country have received the vaccine.
Minister Counselor Chang Jian from the Chinese Embassy in Cambodia presented the lady a bunch of flower and conveyed best wishes to her.
Chang said that under the leadership of Prime Minister Samdech Techo Hun Sen and with the close cooperation between China and Cambodia, Cambodia will win the battle against the pandemic.
Cambodia has been accelerating its COVID-19 vaccinations, targeting at least 10 million of its 16 million population by November as new infection rates continue to rise.
The Southeast Asian nation reported 966 new COVID-19 cases on Friday, pushing the national caseload to 52,350, the health ministry said, adding that 32 new fatalities were registered, bringing the overall death toll to 660.
The kingdom launched a vaccination drive on Feb. 10, starting from capital Phnom Penh and Kandal province before expanding it to other provinces recently.
As of July 1, some 7.4 million vaccine doses have been administered in the kingdom, with 4.3 million people receiving their first dose and 3.1 million having completed the two-dose inoculation, Vandine said. Enditem
1-Ho Kham receives her second dose of Sinovac COVID-19 vaccine at an inoculation site in Phnom Penh, Cambodia on July 2, 2021. (Photo by Phearum/Xinhua)

2-3- Ho Kham attends an inoculation site to receive her second dose of Sinovac COVID-19 vaccine in Phnom Penh, Cambodia on July 2, 2021. (Photo by Phearum/Xinhua)