Connect with us

ASEAN

ဒေသတွင်း COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှုတွင် ကမ္ဘောဒီးယားနိုင်ငံက အမြင့်ဆုံးရာနှုန်း၌ ရပ်တည်နေကြောင်း ကုလသမဂ္ဂပြော

ဖနွမ်းပင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနောက်ပစိဖိတ်ဒေသအတွင်း အရွယ်ရောက်ပြီးသူများအကြား COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမြင့်ဆုံးရာခိုင်နှုန်း၌ ရပ်တည်နေသော နိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂရုံး၏ ဩဂုတ် ၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။“ ကမ္ဘာတစ်ဝှမ်း COVID-19 ကာကွယ်ဆေးထောက်ပံ့မှုကွင်းဆက် အကန့်အသတ်ရှိနေလင့်ကစား ကမ္ဘောဒီးယားအစိုးရဟာ နှစ်ဖက်ညှိနှိုင်းမှုအရဖြစ်စေ ၊ COVAX အစီအစဉ် နဲ့ထောက်ပံ့လှူဒါန်းမှုကဖြစ်စေ ကာကွယ်ဆေးတွေ လက်ခံရရှိခဲ့ရာမှာ သူရဲ့ COVID-19 ကာကွယ်ဆေးထိုးနှံရေး ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မီရောက်ရှိခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့ကာကွယ်ဆေးထိုးနှံရေးစင်တာ၌ ဇူလိုင် ၂ ရက်တွင် အသက် ၁၀၁ နှစ်အရွယ်ရှိ အဖွားအို Ho Kham က တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် လူကြီးများအား COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး ၊ အသက် ၁၂ နှစ် မှ ၁၇ နှစ်ကြား လူငယ်များအတွက် ကာကွယ်ဆေးထိုးနှံမှုကို ဩဂုတ် ၁ ရက်တွင် စတင်နိုင်ခဲ့ရာ ယခုနှစ်နိုဝင်ဘာလအရောက်တွင် နိုင်ငံအတွင်း လူကြီး ၁၀ သန်း နှင့် လူငယ် ၂ သန်း အပါအဝင် စုစုပေါင်း လူ ၁၂ သန်းအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးကာ နိုင်ငံလူဦးရေ ၇၅ ရာခိုင်နှုန်း သို့မဟုတ် လူပေါင်း ၁၆ သန်းအား ကာကွယ်ဆေး အပြီး ထိုးနှံပေးနိုင်ရန် ရည်မှန်းထားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဩဂုတ် ၃ ရက်အထိ လူကြီး ၇.၄၈ သန်း သည် COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှုခံယူထားကြပြီး ယင်းတို့အနက် ၅ သန်းခန့်မှာ ဆေးနှစ်ကြိမ်ထိုးနှံထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ထို့ပြင် လူငယ် ၁၂၄,၁၅၇ ဦး သို့မဟုတ် လူငယ်အုပ်စု၏ ၆.၃ ရာခိုင်နှုန်းသည်လည်း ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။

ယနေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၂၀ စာထိုးနှံပေးထားပြီး ၊ မကြာမီကာလတွင်လည်း နောက်ထပ်ထိုးနှံပေးသွားအုံးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

လက်ရှိ ကမ္ဘောဒီးယားနိုင်ငံ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြု တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး နှင့် Sinopharm ကာကွယ်ဆေး ၊ ဗြိတိန်နိုင်ငံထုတ် AstraZeneca ကာကွယ်ဆေး တို့ကို ထိုးနှံပေးလျက်ရှိကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုထားတဲ့ ကာကွယ်ဆေးတွေဟာ ရောဂါလက္ခဏာပြင်းထန်စွာခံစားရခြင်းနဲ့ ဆေးရုံတက်ကုသမှုခံယူရခြင်းမှ အကောင်းဆုံးကာကွယ်ပေးနိုင်သလို ဒယ်လ်တာမျိုးစိတ်အပါအဝင်အခြားစိုးရိမ်စရာကောင်းတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ် ” ဟု ၎င်းက ဆိုသည်။

ကာကွယ်ဆေးသည် COVID-19 ရောဂါတိုက်ဖျက်ရန် မဟာဗျူဟာမြောက်နည်းလမ်းများထဲတွင် အဓိက နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော်လည်း ကာကွယ်ဆေးနည်းလမ်းတစ်ခုတည်းက လုံလောက်ခြင်းမရှိ နိုင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Li Ailan က ဆိုသည်။ လူများအနေဖြင့် အခြားသော ထိရောက်သည့် ကျန်းမာရေး နှင့် လူမှုရေး ပြုမူဖွယ်ရာများကို တင်းတင်းကျပ်ကျပ် ဆက်လက် လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆိုသည်။

“ ဒယ်လ်တာဗိုင်းရပ်စ်မျိုးဗီဇ မကူးစက်ခင် ကျန်းမာရေးဝန်ထမ်း ၉၃ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးထားနိုင်တဲ့အတွက် နည်းနည်းစိတ်သက်သာရာရပါတယ်” ဟု Li Ailan က တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။ထို့ပြင် ၎င်းက “ သက်ကြီးပိုင်းတွေကို ဦးစားပေး အရှိန်မြှင့် တင်ကာ ကာကွယ်ဆေးထိုးနှံမှု ဆက်လက်ဆောင်ရွက်နေတဲ့အတွက် သိပ်ကို ဝမ်းမြောက်မိပါတယ်။ မှတ်ကျောက်တင်တဲ့ တိုးတက်မှုပါပဲ ” ဟူ၍ ဆက်လက်ရေးသားဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ပြည်ပကူးစက်မှု ၁၅၇ ဦးအပါအဝင် ကူးစက်မှုအသစ် ၅၈၃ ခုရှိကြောင်း အတည်ပြုခဲ့ပြီး နိုင်ငံအတွင်း ကူးစက်မှုစုစုပေါင်း ၇၉,၆၃၄ ဦးထိရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ထို့ပြင်နောက်ထပ်သေဆုံးသူ ၁၇ ဦး ရှိခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၁,၄၈၈ ဦးထိ ရှိလာကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်ရောဂါမှ နောက်ထပ် ပြန်လည်သက်သာကောင်းမွန်လာသူ ၆၅၈ ဦးရှိခဲ့ရာ ပြန်လည်သက်သာလာသူလူနာပေါင်း ၇၂,၈၀၃ ဦးထိ ရှိနေပြီဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)

——————————————————–
(English Version)

Cambodia has one of highest percentages of COVID-19 vaccination in region: UN

PHNOM PENH, Aug. 4 (Xinhua) — Cambodia has one of the highest percentages of COVID-19 vaccination among its adult population in the World Health Organization (WHO) Western Pacific Region, the United Nations in Cambodia said in a statement released late on Tuesday.

“Despite the constrained global supply of COVID-19 vaccines, the Royal Government has been able to secure, through bilateral procurement, COVAX and donations, a pipeline of COVID-19 vaccines to meet its target,” the statement said.

The Southeast Asian nation launched a COVID-19 vaccination drive for adults on Feb. 10 and for adolescents aged 12 to 17 on Aug. 1, targeting to inoculate 12 million people, including 10 million adults and 2 million adolescents, or 75 percent of its 16 million population by November.

As of Aug. 3, about 7.48 million adults have received the first dose of COVID-19 vaccine, among which 5 million were vaccinated with the second dose, the health ministry said, adding that some 124,157 adolescents, or 6.3 percent of the targeted adolescent group, had also been inoculated.

To date, more than 20 million doses of COVID-19 vaccines have been received in Cambodia and more are expected in the near future, according to the health ministry.
Currently, Cambodia uses China’s Sinovac and Sinopharm, and Britain’s AstraZeneca vaccines, which have obtained WHO approvals, the statement said.
“Recommended doses of vaccine granted WHO Emergency Use Listing have been shown to provide excellent protection from severe disease and hospitalization against the Delta variant as well as against other variants of concern,” it said.

Vaccination is one of the key response strategies in the fight against COVID-19. However, vaccination alone is not enough, WHO representative to Cambodia Li Ailan said, adding that people must continue to strictly follow other effective public health and social measures.

“Feeling a bit released that 93 percent of health care workers had been fully vaccinated with COVID-19 vaccine before the Delta variant circulated,” she wrote on Twitter. “Very happy that vaccinations for the elderly continue to be prioritized & accelerated. Remarkable progress!”

Cambodia confirmed 583 new COVID-19 infections including 157 imported cases on Wednesday, pushing the national total caseload to 79,634, the health ministry said, adding that 17 more fatalities had been reported, bringing the death toll to 1,488.

The kingdom also saw another 658 patients recovered, raising the total number of recoveries to 72,803, it added. Enditem
Photo – Ho Kham, a 101-year-old Cambodian woman, receives her second dose of Sinovac COVID-19 vaccine at an inoculation site in Phnom Penh, Cambodia on July 2, 2021.