Connect with us

ASEAN

ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံမှ Sinovac ကာကွယ်ဆေးများ ထပ်မံရရှိ

ဖိလစ်ပိုင်နိုင်ငံ Batangas ပြည်နယ်ရှိ ကယ်ဆယ်ရေးစင်တာတစ်ခုတွင် ဇူလိုင် ၅ ရက်၌ ဒေသခံများက Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုအား ထောက်ပံ့ရန် Sinovac CoronaVac ကာကွယ်ဆေး နောက်ထပ် အသုတ်တစ်သုတ်အား ဖိလစ်ပိုင်နိုင်ငံသို့ ဇူလိုင် ၂၂ ရက်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး Francisco Duque နှင့် ကာကွယ်ရေး ဝယ်ယူရေး တာဝန်ခံအရာရှိ Carlito Galvez တို့က တရုတ်နိုင်ငံ ထုတ်လုပ်သူများထံမှ ဝယ်ယူထားသည့် CoronaVac ကာကွယ်ဆေးတင်ပို့မှုအသစ်အား လက်ခံရယူခဲ့ကြောင်း ၊ ယင်းဆေးဝါးများသည် မနီလာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၈ နာရီမတိုင်မီ ရောက်ရှိကြောင်း ပြောကြားခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဇွန် ၁၇ ရက်က ရောက်ရှိလာခဲ့သော Sinovac COVID-19 ကာကွယ်ဆေးများ သယ်ဆောင်လာသည့် ကုန်တင်လေယာဉ်အား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ပထမဆုံး ပေးပို့သူ ဖြစ်သည်။ဖေဖော်ဝါရီ ၂၈ ရက်တွင် မနီလာမြို့သို့ CoronaVac ကာကွယ်ဆေး ပထမသုတ်အား လှူဒါန်းခဲ့ပြီးနောက် မတ် ၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံက ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့သည်။ဇူလိုင် ၂၂ ရက်အထိ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ COVID-19 ကာကွယ်ဆေး အများဆုံး တင်သွင်းသူ ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဇူလိုင် ၂၀ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁၅ ဒသမ ၆ သန်းကျော် ထိုးနှံထားသည်။ယခုထိ လူပေါင်း ၅ သန်းကျော်မှာ COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီး ဖြစ်သည်။ အစိုးရသည် ယခုနှစ်တွင် လူပေါင်း သန်း ၇၀ ကျော်အထိ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ဇူလိုင် ၂၁ ရက်အထိ အတည်ပြုလူနာပေါင်း ၁,၅၂၄,၄၄၉ ဦး နှင့် သေဆုံးသူ ၂၆,၈၇၄ ဦး ရှိကြောင်း သိရသည်။ (Xinhua)

———————————————————-
(English Version)

Philippines receives more Sinovac vaccines from China

MANILA, July 22 (Xinhua) — China delivered an additional batch of Sinovac CoronaVac vaccines to the Philippines on Thursday to support the Southeast Asian country’s campaign against the COVID-19 pandemic.

Health Secretary Francisco Duque and Carlito Galvez, the official in charge of vaccine procurement, received the fresh shipment of CoronaVac purchased from the Chinese manufacturer, which arrived before 8 a.m. local time at the airport.

China was the first to deliver coronavirus vaccines to the Philippines. It donated the first batch of CoronaVac to Manila on Feb. 28, allowing the country to kick off its vaccination drive on March 1. As of Thursday, China had been the biggest supplier of COVID-19 vaccines to the Philippines.

The Philippines has administered more than 15.6 million doses of COVID-19 vaccines as of July 20. More than 5 million people have been fully vaccinated against COVID-19 so far. The government aims to vaccinate up to 70 million people this year.The Philippines had reported a total of 1,524,449 confirmed cases as of Wednesday, including 26,874 deaths. Enditem
Photo 1.Residents are inoculated with the Sinovac COVID-19 vaccine inside an evacuation center in Batangas Province, the Philippines on July 5, 2021. (Xinhua/Rouelle Umali)
Photo 2.A cargo containing the Sinovac COVID-19 vaccines is seen upon arrival in Manila, the Philippines, June 17, 2021. (Xinhua/Rouelle Umali)