Connect with us

ASEAN

သီရိလင်္ကာနိုင်ငံက Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် Sinopharm COVID-19 ကာကွယ်ဆေးက အလွန်အစွမ်းထိရောက်မှုရှိကြောင်း လေ့လာတွေ့ရှိ

ကိုလံဘို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များအနက် တစ်ခုဖြစ်သည့် Sri Jayewardenepura တက္ကသိုလ်မှ သုတေသီများက တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးသည် ကမ္ဘာအနှံ့ ထင်ရှားလာသော မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး ဖြစ်သည့် Delta မျိုးဗီဇအား တိုက်ဖျက်ရာတွင် အလွန်အစွမ်းထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။“ဒီကာကွယ်ဆေးက Delta မျိုးဗီဇပြောင်းပိုးအတွက် ကောင်းစွာ အလွန်အစွမ်းထိရောက်မှုရှိတာကို တွေ့ရှိခဲ့ပါတယ်။Delta မျိုးဗီဇပြောင်းပိုးကို ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း တုန့်ပြန်မှုတွေ နဲ့ ရောဂါကူးစက်ပြီးနောက် သဘာဝအလျောက် အာနိသင်ကို ပျက်ပြယ်စေတဲ့ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်းတွေက အဆင့်တူကြတာကို တွေ့ရပါတယ်။”ဟု တက္ကသိုလ် Website စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့စွန် Kalutara ဒေသရှိ Panadura ကျန်းမာရေးဌာန၌ မေ ၈ ရက်တွင် Sinopharm ကာကွယ်ဆေး ထိုးနှံမှု ခံယူနေသော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

လေ့လာမှုအရ Sinopharm ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားသည့် လူပုဂ္ဂိုလ်များ၏ ၉၅ ရာခိုင်နှုန်းက ရောဂါကာကွယ်သည့် ပဋိပစ္စည်းများ ထုတ်လုပ်မှုသည် COVID-19 ရောဂါကူးစက်ခံရသူတစ်ယောက်၏ သဘာဝအလျောက် ဖြစ်ပေါ်မှုနှင့် တူညီကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် စင်တာတစ်ခု၌ ဇူလိုင် ၁၄ ရက်က Sinopharm ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှု ခံယူနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ လေ့လာမှုတွင် Sinopharm ကာကွယ်ဆေး ထိုးနှံမှု နှစ်ကြိမ် ခံယူသူများ၏ ၈၁ ဒသမ ၂၅ ရာခိုင်နှုန်းသည် အာနိသင်ကို ပျက်ပြယ်စေသော ရောဂါကာကွယ်သည့် ပဋိပစ္စည်းများထုတ်လုပ်ခဲ့ပြီး အဆိုပါရောဂါကာကွယ်သည့် ပဋိပစ္စည်းအဆင့်များသည် COVID-19 ရောဂါကူးစက်ခံရပြီး ကောင်းမွန်လာပြီးနောက် ဖြစ်ပေါ်လာမှုများနှင့် တူညီကြောင်း ဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် စင်တာတစ်ခု၌ ဇူလိုင် ၁၄ ရက်က Sinopharm ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှု ခံယူရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ယင်းသုတေသနအဖွဲ့တွင် Sri Jayewardenepura တက္ကသိုလ် ခုခံအား နှင့် မော်လီကျူးဆေးပညာဌာန၏ အကြီးအကဲ သီရိလင်္ကာသိပ္ပံပညာရှင် ပါမောက္ခ Neelika Malavige နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဒေါက်တာ Chandima Jeewandara ၊ အောက်စဖို့တက္ကသိုလ် သုတေသီ ပါမောက္ခ Graham Ogg နှင့် ပါမောက္ခ Alain Townsend တို့ ပါဝင်ကြောင်း သိရသည်။

သီရိလင်္ကာသိပ္ပံပညာရှင် ပါမောက္ခ Neelika Malavige က သီရိလင်္ကာနိုင်ငံ၌ ကာကွယ်ဆေးများ အသင့်ရရှိနိုင်ခြင်းကြောင့် လက်ရှိတွင် Sinopharm က အများဆုံးအသုံးပြုသည့် ကာကွယ်ဆေး ဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယနေ့အထိ သီရိလင်္ကာနိုင်ငံ၌ Sinopharm COVID-19 ကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံထားသူ ၄ ဒသမ ၆၃ သန်းရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၁ ဒသမ ၂၉ သန်း ရှိကြောင်း ၊ ကာကွယ်ဆေးနှင့် ဆက်စပ်၍ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာမျှ မတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ လေ့လာမှုသည် ကမ္ဘာပေါ်တွင် ပထမဆုံး ထုတ်ပြန်ခြင်း ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များက Sinopharm ကာကွယ်ဆေးထိုးနှံမှုမှ ကိုယ်ခံအားစနစ်၏ ဖြစ်နိုင်သည့်ရှုထောင့်တိုင်းကို လေ့လာခဲ့ကြောင်း သီရိလင်္ကာသိပ္ပံပညာရှင် ပါမောက္ခ Neelika Malavige က ပြောကြားခဲ့သည်။

ယင်းကာကွယ်ဆေးအား ဗိုင်းရစ်ပိုး၏ မျိုးဗီဇပြောင်း Alpha နှင့် Beta ပိုးတို့သာမက မူလဗိုင်းရပ်ပိုးကိုလည်း နှိုင်းယှဉ်ခဲ့ကြောင်း သိရသည်။
ထုတ်ပြန်မှု၏ အဆုံးသတ်တွင် Delta နှင့် အခြားမျိုးဗီဇပြောင်းပိုးများ ဖြစ်လာပါက Sinopharm ကာကွယ်ဆေးက ရောဂါကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသည့် လူကဲ့သို့ ရောဂါကာကွယ်သော ပဋိပစ္စည်း တုန့်ပြန်မှုသည် တူညီသော အဆင့်များ ဖြစ်ပေါ်ကြောင်း ၊ ယင်းမှာ လွန်စွာကောင်းမွန်ကြောင်း ပါမောက္ခ Neelika Malavige က ပြောကြားခဲ့သည်။

အသက် ၂၀ ကနေ ၄၀ အထိ အုပ်စုတွေအထဲမှာ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း ထုတ်လုပ်မှုက ၉၈ ရာခိုင်နှုန်း ရှိနေပြီးတော့ အသက် ၆၀ ကျော်အုပ်စုအတွင်းမှာ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း ထုတ်လုပ်မှုက ၉၃ ရာခိုင်နှုန်း ရှိပါတယ်။ ဒါက ကာကွယ်ဆေးတွေကို အသက်ကြီးတဲ့သူတွေမှာ တုန့်ပြန်မှုနည်းတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။

Sinopharm နှင့်ပတ်သက်၍ ယင်းအချက်အလက်များက ယခင်က ကမ္ဘာပေါ်တွင် တက်မလာခဲ့ကြောင်း နှင့် ထိုကဲ့သို့သော ကမ္ဘာစစ်မှန်သော အချက်အလက်များသည် ပြည်တွင်းနှင့်ပြည်ပဆိုင်ရာ ကာကွယ်ဆေး၏ ယုံကြည်မှုကို တည်ဆောက်ရန် အရေးကြီးကြောင်း ပါမောက္ခက ပြောကြားခဲ့သည်။ (Xinhua)

———————————–
(English Version)
Sri Lanka’s study finds Sinopharm COVID-19 vaccine highly efficient against Delta variant

COLOMBO, July 20 (Xinhua) — Researchers from one of Sri Lanka’s leading universities, the Sri Jayewardenepura University, have found that China’s Sinopharm COVID-19 vaccine is highly efficient against the Delta variant which has become the dominant variant across the world.

“This vaccine was found very effective for the Delta variant as well. The antibody responses to delta variant and neutralizing antibodies were similar to levels seen following natural infection,” the University said on its website on Monday.

According to the study, 95 percent of individuals who received two doses of the Sinopharm vaccine have developed antibodies similar to a naturally infected COVID-19 person.
The study showed that two doses of Sinopharm vaccine produced neutralizing antibodies in 81.25 percent of recipients and that these antibody levels were similar to what would occur after surviving a natural infection of COVID-19.

The research team included Sri Lankan scientists Prof. Neelika Malavige, head of the Immunology and Molecular Medicine Department of the Sri Jayewardenepura University, her colleague Dr. Chandima Jeewandara and Oxford University researchers Prof. Graham Ogg and Prof. Alain Townsend.

Prof. Neelika told Xinhua that Sinopharm is the most used vaccine being rolled out in Sri Lanka presently due to the availability of stocks in the country.
To date, 4.63 million people in Sri Lanka have received the first dose of Sinopharm COVID-19 vaccine, and 1.29 million others had received the second dose of the vaccine. No single severe side effect case relevant to the vaccine has been reported.

Prof. Malavige said this study is the first of its kind to be published in the world and experts looked at every possible angle of the immune system from the Sinopharm jab.
The vaccine was also compared to the Alpha and Beta variants of the virus as well as the original virus.
“The conclusion of this report is that when it comes to Delta and other variants, the Sinopharm vaccine induces similar levels of antibody responses as people who have naturally been infected, Which is very good,” Prof. Malavige said.

“Between the age groups of 20 to 40, 98 percent developed antibodies while in the age group of over 60, 93 percent developed antibodies. This is not surprising as older people respond less to vaccines,” the Professor added.
She said this data on the Sinopharm did not turn up to the world before, and such real-world data was important to build up vaccine confidence domestically and internationally. Enditem
Photo 1.A nurse shows a vial of the Sinopharm vaccine at the Panadura Health Office in Kalutara District, on the outskirts of capital Colombo, Sri Lanka, on May 8, 2021. (Photo by Ajith Perera/Xinhua)

Photo 2.A woman receives the Sinopharm vaccine at the Panadura Health Office in Kalutara District, on the outskirts of capital Colombo, Sri Lanka, on May 8, 2021. (Photo by Ajith Perera/Xinhua)
Photo 3.People get their first doses of Sinopharm COVID-19 vaccine at a vaccination center in Colombo, Sri Lanka, July 14, 2021. (Photo by Gayan Sameera/Xinhua)
Photo 4.People wait for their first doses of Sinopharm COVID-19 vaccine at a vaccination center in Colombo, Sri Lanka, July 14, 2021. (Photo by Gayan Sameera/Xinhua)