Connect with us

ASEAN

ထိုင်းနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 ဖြင့် သေဆုံးသူ အရေအတွက် စံချိန်တင်ခဲ့ ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ လျှော့ချမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာတစ်ခု၌ ဇူလိုင် ၉ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ COVID-19 ရောဂါလှိုင်း အဆိုးရွားဆုံးအနေအထားဖြင့် ရင်ဆိုင်နေရသည်နှင့်အမျှ ဇွန် ၁၀ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူ ၉၁ ဦး ထိရှိခဲ့ရာ COVID-19 ကြောင့် သေဆုံးသူပေါင်း ၂,၆၂၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ COVID-19 လုပ်ငန်းအဖွဲ့ဖြစ်သည့် COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)က ထုတ်ပြန်ရာ၌ တစ်ရက်အတွင်း ကူးစက်မှု အရေအတွက်အမြင့်ဆုံး ဒုတိယမြောက်နေ့အဖြစ် အတည်ပြုလူနာသစ် ၉,၃၂၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာစုစုပေါင်း ၃၂၆,၈၃၂ ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဇွန် ၁၀ ရက်၏ စစ်ဆေးတွေ့ရှိခဲ့သော လူနာသစ် သုံးပုံတစ်ပုံကျော်ဖြစ်သော ၃,၁၉၁ ဦးမှာ ကူးစက်မှု လပေါင်းများစွာအကြာ မြင့်တက်နေသည့် ဗဟိုချက်နေရာဖြစ်သော ဘန်ကောက်မြို့၌ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း CCSA ထံမှ သိရသည်။

ထိုင်းနိုင်ငံ၌ ကူးစက်မှုမြင့်မားသော ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ Delta ပိုးသည် လျှင်မြန်စွာပြန့်နှံ့နေသောကြောင့် နေ့စဉ်ကူးစက်သူသစ်မှာ ၁၀ ရက်ဆက်တိုက် ၅,၀၀၀ အထက်တွင် ရှိနေကြောင်း နှင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများမှာလည်း အမြောက်အမြား ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ဇွန် ၉ ရက်အထိ ထိုင်းနိုင်ငံ၏ လူဦးရေ သန်း ၇၀ နီးပါး၏ ၅ ရာခိုင်နှုန်းအောက်သည် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီး ဖြစ်ကြောင်း CCSA ထံမှ သိရသည်။

ဗိုင်းရပ်စ်ပြန့်နှံ့မှုအား ထိန်းချုပ်ရန် အားထုတ်သည့်အနေဖြင့် ထိုင်းနိုင်ငံအစိုးရသည် ဘန်ကောက်မြို့ နှင့် အနီးရှိ ပြည်နယ် ၅ ခုအပါအဝင် ပြင်းထန်စွာ ထိခိုက်ခံစားရသည့် ဒေသများတွင် ထိန်းချုပ်မှုသစ်အား ဇွန် ၉ ရက်တွင် ကြေညာခဲ့သည်။ ညမထွက်ရအမိန့် ၊ လူငါးဦးထက် ပိုမိုစုရုံးခြင်းအား ပိတ်ပင်ခြင်း နှင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းတို့သာမက ဈေးဝယ်စင်တာများအား ပိတ်သိမ်းခြင်း တို့အပါအဝင် အစီအမံများအား ဇူလိုင် ၁၂ ရက်မှ အနည်းဆုံး ၁၄ ရက်ထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ထိုင်းနိုင်ငံအစိုးရက အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီများအား ပြည်နယ်များအတွင်း သွားလာခြင်းအား တားဆီးရန် အလို့ငှာ ၎င်းတို့၏ ဝန်ဆောင်မှုများ လျှော့ချရန် ညွှန်ကြားခဲ့ပြီး အထူးသဖြင့် ကူးစက်မှုအရေအတွက်မြင့်မားနေသော ပြည်နယ်များ၌ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြည်တွင်းလေကြောင်းလိုင်းများ နှင့် လေဆိပ်များအား ည ၉ နာရီ နှင့် နံနက် ၄ နာရီအကြား စီစဉ်ထားသည့် ပြည်တွင်းလေကြောင်းပျံသန်းမှုများအား ဖျက်သိမ်းခြင်း သို့မဟုတ်လျှော့ချခြင်း နှင့် လေကြောင်းဆိုင်ရာဝန်ထမ်းများအား ညမထွက်ရအချိန်အတွင်း သွားလာမှုများကို ရှောင်ရှားနိုင်ရန်အတွက် အလုပ်ချိန်အား ပြန်လည်စိစစ်ရန် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Thai AirAsia လေကြောင်းလိုင်းက ဇွန် ၁၀ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ထိုင်းနိုင်ငံ၌ COVID-19 အခြေအနေ ဆိုးရွားလာခြင်းကြောင့် ဇူလိုင် ၁၂ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပြည်တွင်းလေကြောင်းပျံသန်းမှုအားလုံးကို ဆိုင်းငံ့ထားကြောင်း ဖော်ပြထားသည်။ (Xinhua)

————————————
(English Version)
Thailand reports record daily COVID-19 death toll, public transport services to be reduced
Daily new infections have been above 5,000 for 10 consecutive days, as the highly contagious Delta variant of the coronavirus spread fast in the country, where people remained largely unvaccinated.
As of Friday, less than 5 percent of the country’s nearly 70 million people have been fully inoculated, according to the CCSA.
In an effort to curtail the spread of the virus, the Thai government on Friday announced new curbs in hard-hit regions, including Bangkok and five nearby provinces. The measures, including a night curfew, a ban on gatherings of more than five people and non-essential travels, as well as closure of shopping malls, will take effect from July 12 and last for at least 14 days.
The government has also asked public transport companies to reduce their services in order to discourage inter-provincial travels, especially from regions with high infection figures.
The Civil Aviation Authority of Thailand has ordered domestic airlines and airport operators to consider canceling or rescheduling domestic flights scheduled between 9 p.m. and 4 a.m., and rearranging the working hours for their personnel to avoid travels during the night curfew.
In a statement issued by the Thai AirAsia on Saturday, the airline announced suspending all its domestic flights during the July 12-31 period due to the worsening COVID-19 situation in the country. Enditem
Photo – A health worker works at a vaccination site in Bangkok, Thailand, July 9, 2021. Tougher restrictions are being imposed in Thailand’s capital and surrounding provinces in an effort to curb rapidly increasing COVID-19 infections. The announcement came after Thailand reported its second-highest daily record of 9,276 new COVID-19 cases on Friday, with 3,116 cases detected just in Bangkok. (Xinhua/Rachen Sageamsak)