Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုတွင် အသက် ၁၂ နှစ် မှ ၁၇ နှစ်အရွယ် ကလေးများ မကြာမီ ပါဝင်မည်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Budi Luhur တက္ကသိုလ် ကာကွယ်ဆေးထိုးနှံသည့်နေရာ၌ ဇွန် ၂၁ ရက်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား အစုပြုံလိုက် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုအတွင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ ကလေးများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန် နှောင့်နှေးခြင်းမရှိဘဲ COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်သွားမည်ဖြစ်ကြောင်း နိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ကလေးများအတွက် ဘေးကင်းကြောင်း ကြေညာထားသည့် Sinovac ကာကွယ်ဆေး အရေးပေါ်အသုံးပြုရန် အမျိုးသားအဆင့် ဆေးဝါး နှင့် အစားအသောက် ထိန်းချုပ်ရေး အေဂျင်စီ(BPOM)က ခွင့်ပြုထားသည့်အတွက် ယင်းအသက်အရွယ်အပိုင်းအခြားရှိ ကလေးများအား ကာကွယ်ဆေး ထိုးနှံရေး နှောင့်နှေးခြင်း မရှိဘဲ ချက်ချင်း စတင်နိုင်ကြောင်း သမ္မတက ရုပ်သံထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။

ကူးစက်မှုလျင်မြန်သော Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ် နိုင်ငံအတွင်း စစ်ဆေးတွေ့ရှိချိန်မှစ၍ အင်ဒိုနီးရှားနိုင်ငံရှိ COVID-19 ရောဂါ ကူးစက်ခံရသော ကလေးအရေအတွက်မှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်း မြှင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှားကလေးအထူးကုအသင်းက ထုတ်ပြန်သောအချက်အလက်အရ သိရသည်။

ဇွန် ၂၇ ရက်တွင် အမျိုးသားအဆင့် ဆေးဝါး နှင့် အစားအသောက် ထိန်းချုပ်ရေး အေဂျင်စီ(BPOM)က အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ကလေးများအတွက် COVID-19 ကာကွယ်ဆေးကို ဆေးပမာဏ အလယ်အလတ်ဖြင့် ထိုးနှံပေးရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။ဇွန် ၂၈ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၄၀,၃၄၉,၀၄၉ ထိုးနှံပေးထားကြောင်း သိရသည်။ (Xinhua)

————————————————–
(Chinese Version)
Children aged 12-17 to be included in COVID-19 vaccination soon in Indonesia

JAKARTA, June 28 (Xinhua) — Indonesia can begin inoculating COVID-19 vaccine for children immediately to prevent them from the coronavirus, President Joko Widodo said on Monday.

Widodo said in a video statement that the national agency of drug and food control (BPOM) has issued an authorization for the emergency use of Sinovac vaccine, which is declared safe for children aged 12 to 17, so vaccination for children within the age group can begin immediately.

Since the entry of the more contagious Delta variant, the number of Indonesian children infected with COVID-19 has increased to 12.5 percent, according to data provided by the Indonesian Pediatrician Association.

On Sunday, BPOM allowed the use of the COVID-19 vaccine for children aged 12 to 17 years old at a medium dose.
As of Monday, Indonesia has inoculated a total of 40,349,049 doses of the COVID-19 vaccines. Enditem

Photo – A medical worker prepares a dose of COVID-19 vaccine during a mass vaccination campaign for people aged 18 and above at a vaccination site of Budi Luhur University in Jakarta, Indonesia, June 21, 2021. Indonesia on Sunday recorded 13,737 newly-confirmed cases of COVID-19 in the past 24 hours, marking the highest daily spike since Jan. 30 and bringing the total tally to 1,989,909, the Health Ministry said. (Xinhua/Zulkarnain)