Connect with us

ASEAN

Sinovac ကာကွယ်ဆေးက ကိုယ်ခံစွမ်းအားတုံ့ပြန်မှုတွင် ၉၉ ဒသမ ၄၉ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း လေ့လာမှုတွင် တွေ့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ COVID-19 ကာကွယ်ဆေးထိုးနှံသော စင်တာ၌ တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ Sinovac က ထုတ်လုပ်သည့် ကာကွယ်ဆေးများအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ မေ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးသည် COVID-19 ရောဂါတိုက်ဖျက်ရေး ကိုယ်ခံစွမ်းအားတုံ့ပြန်မှုကို တိုးမြှင့်ရာတွင် အလွန်မြင့်မားသော ထိရောက်မှုရှိသည်ကို တွေ့ရှိခဲ့ရသည်ဟု ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်မှ ဆောင်ရွက်ခဲ့သည့် ကာကွယ်ဆေးသစ်လေ့လာမှုတစ်ခုတွင် ဖော်ပြထားကြောင်း သတင်းမီဒီယာများက သည်။

တက္ကသိုလ် ဆေးပညာမဟာဌာန၏ ရောဂါပိုးမွှားဗေဒ လေ့လာရေး ထူးချွန်မှုစင်တာက ဆောင်ရွက်သည့် လေ့လာမှုတွင် Sinovacကာကွယ်ဆေးလက်ခံရရှိသူ ၉၉ ဒသမ ၄၉ ရာခိုင်နှုန်းသည် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးနောက် လေးပတ်အတွင်း ရောဂါကာကွယ်သော ပဋိပစ္စည်း တုံ့ပြန်မှုများ ဖွံ့ဖြိုးလာခဲ့သည့် လေ့လာတွေ့ရှိချက်အား ကိုးကား၍ Bangkok Post က မေ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးနောက် သုံးပတ်အတွင်း လက်ခံရရှိသူ ၆၆ ရာခိုင်နှုန်းဝန်းကျင်သည် ကိုယ်ခံစွမ်းအားတုံ့ပြန်မှုများ ဖွံ့ဖြိုးလာခဲ့ကြောင်း ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်အား ဆန့်ကျင်သည့် ရောဂါကာကွယ်သော ပဋိပစ္စည်းအရေအတွက်ကို ကာကွယ်ဆေးထိုးပြီးနောက် နှင့် မထိုးနှံမီ လူများ၏ သွေးနမူနာများတွင် ဗိုင်းရပ်စ်အား ဆန့်ကျင်သည့် ရောဂါကာကွယ်သော ပဋိပစ္စည်း ဖွံ့ဖြိုးမှု စုစုပေါင်း ပမာဏ အရည်အသွေးအား ထောက်လှမ်းသည့် Roche Elecsys Electrochemiluminescence Immunoassay နှင့်အတူ တိုင်းတာခဲ့ကြောင်း သုတေသနအဖွဲ့က ပြောကြားခဲ့သည်။

စမ်းသပ်မှုများအား ကာကွယ်ဆေး မထိုးနှံမီ ၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး သုံးပတ် နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး လေးပတ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Study finds Sinovac vaccine 99.49 pct effective in immune responses

BANGKOK, May 19 (Xinhua) — A new vaccination study conducted by Thailand’s Chulalongkorn University has found that China’s Sinovac vaccine has extremely high efficacy in boosting immune responses against COVID-19, according to media reports.

The study run by the Center of Excellence in Clinical Virology of the Faculty of Medicine at the university showed that 99.49 percent of the recipients had developed antibody responses four weeks after their second shots, the Bangkok Post said on Sunday, quoting the study results.

Three weeks after the first shot, around 66 percent of the recipients had developed immune responses, the report added.

The number of antibodies against the coronavirus was measured with Roche Elecsys Electrochemiluminescence Immunoassay, a qualitative detection of total antibodies developed against the virus in people’s blood samples before and after the vaccination period, said the research group.

The tests were conducted before injections, three weeks after the first shot and four weeks after the second injection. ■