Connect with us

Politics & Security

ကမ္ဘောဒီးယားနိုင်ငံရေးလေ့လာသုံးသပ်သူ အသတ်ခံရ

ကမ္ဘောဒီးယားနိုင်ငံရေး လေ့လာသုံးသပ်သူ Kem Ley အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင် ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံရေးလေ့လာသုံးသပ်သူ Kem Ley သည် ဇူလိုင် ၁ဝ ရက်က ဖနွမ်းပင်မြို ့ရှိ ဂတ်စ်ဆိုင်တစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ကမ္ဘောဒီးယားအမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဒုတိယဗိုလ်ချုပ်ကြီး Kirt Changharith က အတည်ပြုပြောကြားသည်။

“ ဟုတ်ပါတယ်။ အသတ်ခံလိုက်ရတာ Kem Ley ပါ” အဆိုပါပြောခွင့်ရပုဂ္ဂိုလ်က ဆင်ဟွာသတင်းဌာနသို့ပြောသည်။ အဆိုပါပစ်ခတ်မှု၌ အင်္ကျီအဝတ်အစားတွင် သွေးများပေကျံနေပြီး လက်ထဲတွင်ပစ္စတိုသေနတ် ကိုင်ဆောင်ထားသည့် အသက် ၃၃ နှစ်အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး Chantharaith က ပြောသည်။
“ အဖမ်းခံရသူက ပြစ်မှုကျူးလွန်တာကို ဖြောင့်ချက်ပေးထားတယ်။ Kem Ley က သူ့ကိုပေးစရာအကြွေး အမေရိကန်ဒေါ်လာ ၃ဝဝဝ ရှိတယ်ဆိုပြီးပြောပါတယ်။ ဒါပေမယ့် အခုချိန်ထိ အဲဒီအကြွေးတွေ ပြန်မပေးရသေးပါဘူး” ဟု Chantharaith က ဆက်ပြောသည်။ သို့သော် အဆိုပါ ဖြောင့်ချက်ပေးမှုကို ရဲတပ်ဖွဲ့အနေဖြင့် အယုံအကြည်မရှိကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
Kem Ley သည် ဂတ်စ်ဆိုင်အနီးတွင် ရှိသည့် စတိုးဆိုင်ငယ်တစ်ခုထဲတွင် ကော်ဖီသောက်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ ဦးခေါင်းတွင် သေနတ်ကျည် နှစ်ချက် သို့မဟုတ် သုံးချက် ထိမှန်ခဲ့ကြောင်း နှင့် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.