Connect with us

Politics & Security

ဗီယက်နမ်နိုင်ငံ၌ တစ်နှစ်လျှင် ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ပျက်ကျနှုန်း ၆,ဝဝဝ ကျော်ရှိ

ဗီယက်နမ် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား တွေ့ရစဉ် ( ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ တစ်နှစ်လျှင် ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ပျက်ကျနှုန်း ၆,ဝဝဝ ကျော် ရှိကြောင်း ဗီယက်နမ် မိသားစု နှင့် လူဦးရေ အစီအစဉ် ဆိုင်ရာရုံးဌာန (GOPFP) က ဇူလိုင်လ ၁၈ ရက်တွင် သတင်း ထုတ်ပြန်သည်။

၂ဝ၁၅ ခုနှစ် တစ်နှစ်ထဲတွင် ဗီယက်နမ်နိုင်ငံ တစ်ဝန်းလုံး၌ ကိုယ်ဝန်ပျက်ကျမှုပေါင်း ၂၈ဝ,ဝဝဝ ကြိမ်ရှိကြောင်း ၊ ၎င်းတို့ထဲမှာ ၂ ရာခိုင်နှုန်းသည် ဆယ်ကျော်သက် ကိုယ်ဝန်ပျက်ကျမှုများ ဖြစ်ကြောင်း ဗီယက်နမ်ပြည်တွင်း Tien Phong အွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။
သို့သော် အဆိုပါ ကိန်းဂဏန်းမှာ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု အစီအစဉ်ဖြင့် ကောက်ယူထားသော စစ်တမ်းမျှသာ ဖြစ်ကြောင်း သိရသည်။ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ကြောက်ရွံ့မှုများကြောင့် ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင် အများစုသည် ပုဂ္ဂလိက ဆေးခန်းများ၌ ဆေးကုသမှု ခံယူကြကြောင်း နှင့် ကိန်းဂဏန်း အရေအတွက်အမှန် မှာ စစ်တမ်း၌ ဖော်ပြထားသည့် အရေအတွက်ထက်များစွာ ပို၍ မြင့်မားဖွယ်ရှိကြောင်း Tien Phong သတင်းတွင် ရေးသားထားသည်။
GOPFP ၏ လူမှုဆက်ဆံရေး နှင့် ပညာပေးဌာန အကြီးအကဲ Dinh Huy Duong က ပြီးခဲ့သော နှစ်များအတွင်း ကိုယ်ဝန်ဆောင်မှု ပမာဏ ကျဆင်းသွားလင့် ကစား ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်မှု နှုန်းမှာ ဆက်လက် မြင့်တက်လျက် ရှိကြောင်း ပြောကြားသည်။
GOPFP စစ်တမ်းများအရ ဗီယက်နမ် အမျိုးသမီး ၁ဝဝ ဦးတွင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်သူ ၃ ဦးခန့်ရှိနေကြောင်း Tien Phong သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.