Stock Market
ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ဥပဒေ ချိုးဖောက်မှု သံသယရှိ လုပ်ငန်းများအား တရုတ် စုံစမ်း ဖော်ထုတ်မည်

ဟန်ကျိုး၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ် နည်းပညာ ကုမ္ပဏီ နှစ်ခုသည် ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ဥပဒေ ချိုးဖောက်မှု သံသယဖြင့် ဖြစ်နိုင်ခြင်းကြောင့် ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး စောင့်ကြည့်ရေး အဖွဲ့၏ စုံစမ်း စစ်ဆေး ခံနေရကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည်။
တရုတ်နိုင်ငံ ငွေချေး သက်သေခံ လက်မှတ်များ ထိန်းကျောင်းရေး ကော်မရှင်က ဇူလိုင်လ အတွင်းတွင် တရားမဝင် လမ်းကြောင်းများမှ လုပ်ဆောင်ခဲ့သည့် လက္ခဏာများ တွေ့ရှိခဲ့ကြောင်း ကြော်ငြာပြီး နောက်ပိုင်းတွင် Hundsun နည်းပညာ ကုမ္ပဏီနှင့် Hithink RoyalFlush Information Network ကုမ္ပဏီ နှစ်ခုမှ ယခုကဲ့သို့ ကြေငြာခဲ့ခြင်း ဖြစ်သည်။
ရှယ်ယာများ ဝယ်ယူရန် ချေးငွေများ သုံးစွဲခြင်းသည် စတော့ ဈေးကွက်တွင် ဥပဒေ ချိုးဖောက်မှုများ ဖြစ်ကြောင်း သိရသည်။
Hundsun က HOMS ဝန်ဆောင်မှု ကိုရင်နှီးမြှုပ်နှံသူများက တရားမဝင် ငွေကြေး လမ်းကြောင်း အတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ Hundsun ကုမ္ပဏီကလည်း HOMS မှာသီးသန့် ရန်ပုံငွေ အတွက် အသုံးပြုရန် နည်းပညာဆိုင်ရာ အထောက်အကူ တစ်ခုသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်။
Hithink RoyalFlush ကတော့ ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဆော့ဖ်ဝဲ လည်ပတ်မှုများ အားလုံး ဆိုင်ငံ့ ထားပြီး ၎င်း ပရိုဂရမ်၏ အကောင့်များ အားလုံးလည်း သြဂုတ်လ ၁၄ ရက်နေ့ ကတည်းက ပိတ်ထားကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။ (Xinhua)