Connect with us

Stock Market

တရုတ်နိုင်ငံ သမ္မတ ရှီအား ကမ္ဘာပေါ်၌ ဒုတိယမြောက် စတော့ခ်ဈေးကွက် လွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် အဖြစ် Bloomberg ရွေးချယ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမကြီးတွင် မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ငါးကြိမ်မြောက် နှစ်စဉ် စတော့ခ်ဈေးကွက် လွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် အဆင့် သတ်မှတ်ရာတွင် လူ ၅၀ ဦး အနက် ဒုတိယ နေရာ၌ တည်ရှိကြောင်း Bloomberg Business က ကြေညာ လိုက်သည်။

ကသောင်းကနင်း ဖြစ်နေသော အခြေအနေများ ကိုဖြတ်၍ ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးကြီးအား ကိုင် တွယ်ဖြေရှင်းမည့် ရှီနှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ စွမ်းဆောင်နိုင်အားကို ကမ္ဘာက စောင့်ကြည့်နေကြောင်း Bloomberg မှ ဖော်ပြထားသည်။

စတော့ခ်ဈေးကွက် အတွင်း ခိုင်မာစွာ ကြီးကြပ်နိုင်ခြင်း၊ စတော့ ဈေးကွက်အား ထိန်းချုပ်၍ ငွေကြေး ထည့်ဝင်ပေးခြင်းနှင့် ဈေးကွက်အား အန္တရာယ်ဖြစ်စေနိုင်သော တရားမဝင် လုပ်ဆောင်မှုများကို ထိန်းချုပ်ခြင်း များအား ဆောင်ရွက်ခြင်းဖြင့် တရုတ် နိုင်ငံ အစိုးရက စတော့ခ်ဈေးကွက် ကျဆင်းမှုအား တုံ့ပြန် လုပ်ဆောင် နိုင်ခဲ့သည်။

ကမ္ဘာ့စတော့ခ် ဈေးကွက်အား လွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်အဖြစ် နံပါတ် ၁ နေရာ၌ အမေရိကန် ပြည်ထောင်စု ဗဟိုဘဏ်စနစ် ဥက္ကဋ္ဌ အမျိုးသမီး ဂျနက် ယဲလန်က ရပ်တည်နေသည်။ Apple ကုမ္ပဏီက အမှုဆောင် အရာရှိချုပ် တင်မ်ကွတ် က နံပါတ် ၃ နေရာနှင့် အမေရိကန် ကုမ္ပဏီ Berkshire Hathaway ၏ အမှုဆောင်အရာရှိချုပ် ဝါရန်ဘူဖေးက နံပါတ် ၅ နေရာမှာ ရှိနေပြီး အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက နံပါတ် ၆ နေရာတွင် ရှိနေသည်။

ထို့အပြင် ယခုနှစ်အတွက် စတော့ခ် ဈေးကွက် အလွှမ်းမိုး နိုင်ဆုံးပုဂ္ဂိုလ်များ စာရင်းထဲတွင် အခြား တရုတ် လူမျိုးများလည်း ပါဝင်ကြသည်။ တရုတ်နိုင်ငံ China Renaissance ရင်းနှီးမြှုပ်နှံမှုဘဏ် အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ ဘောင်ဝ် ဖန်းက နံပါတ် ၂၂ ၊ တရုတ် ကွန်မြူနစ်ပါတီ စည်းကမ်း ထိန်းသိမ်းရေး ဗဟို ကော်မရှင် ဋ္ဌာနမှူး ဝန် ကွီရှန် က နံပါတ် ၃၃၊ ဝန်ဒါ ဂရု(ပ်) ဥက္ကဋ္ဌ ဝန်ကျန်း လင်း က နံပါတ် ၃၇ စသည်ဖြင့် အသီးသီး ရရှိခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်များ ပါဝင်လာခြင်းက ကမ္ဘာ့ စတော့ခ် ဈေးကွက်သို့ တရုတ် ၏ လွှမ်းမိုးလာနိုင်ခြင်းအား ဖော်ပြနေခြင်းလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.