Connect with us

Stock Market

စတော့အိပ်ချိန်း ဝန်ဆောင်မှု ကုမ္ပဏီ လိုင်စင် ချပေးမည့်ကာလ ရွှေ့ဆိုင်း

စတော့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ တွင် ကျင်းပနေစဉ် ( ဓာတ်ပုံ - MSEC Website)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

စတော့အိပ်ချိန်း ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီလိုင်စင်များကို ဇူလိုင်လကုန်မှသာ ချပေးနိုင် မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

အဆိုပါ စတော့အိပ်ချိန်း လိုင်စင်များကို မူလက ဇွန်လကုန်တွင် ချထားပေးရန် စီစဉ်ထားသော်လည်း လျှောက်ထားသည့် ကုမ္ပဏီများ၏ Quality Service စိစစ် ရွေးချယ် နေရခြင်းကြောင့် အချိန်ကြာနေကြောင်း ၎င်းကဆိုသည်။

စတော့အိပ်ချိန်း ဝန်ဆောင်မှု ပေးမည့် Service Provider အဖြစ် လုပ်ဆောင်ရန်အတွက် လိုင်စင် အမျိုးအစား လေးမျိုးချထားပေးရန် ရှိပြီး အဆိုပါ လိုင်စင် လေးမျိုးသည် စတော့အိပ်ချိန်း အများပိုင် ကုမ္ပဏီများက ရောင်းချလိုသော အစုရှယ်ယာ ပမာဏကို တာဝန်ယူ ဖြန့်ပေးရသည့် (Under Writer) ဝန်ဆောင်မှု လိုင်စင် ၊ ဝယ်ရောင်းလိုင်စင် (Dealer)၊ အကျိုးဆောင်လိုင်စင် (Broker) နှင့် အကြံပေးလိုင်စင် (Consulting/ Advisor) တို့ဖြစ်သည်။

Services Provider ကုမ္ပဏီ လိုင်စင်များအတွက် လျှောက်လွှာကို ဇန်နဝါရီလ အတွင်းက ခေါ်ယူခဲ့ပြီး လက်ရှိတွင် လုပ်ငန်းလိုင်စင် အမျိုးမျိုး အတွက် လိုင်စင် လျှောက်ထားသည့် ကုမ္ပဏီ ၁၈ ခုရှိသည်။

ရန်ကုန် စတော့အိပ်ချိန်းကို တည်ထောင်ရန် မြန်မာ စီးပွားရေးဘဏ်၊ ဂျပန်နိုင်ငံ ဒိုင်ဝါ သုတေသနအဖွဲ့ လီမိတက်နှင့် Japan Exchange Group တို့က ၂၀၁၄ ဒီဇင်ဘာတွင် လက်မှတ် ရေးထိုးခဲ့ပြီး ရန်ကုန် စတော့ အိပ်ချိန်းကို ရန်ကုန် ဆူးလေ ဘုရားလမ်းရှိ မြဝတီဘဏ်ရုံးချုပ် အဆောက်အအုံ ဟောင်း၌ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117