Connect with us

Science & Technology

မှန်ဘီလူး ၂ လုံးပါ ကင်မရာ Huawei P9 အား တိုင်ပေ၌ မိတ်ဆက်ပြသ

မှန်ဘီလူး ၂ လုံးပါ ကင်မရာ Huawei P 9 အား တိုင်ပေ၌ မိတ်ဆက် ပြသစဉ် (ဆင်ဟွာ)

တိုင်ပေ၊ မေ ၆ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသ ၊ တိုင်ပေမြို့တွင် မေလ ၅ ရက်က တရုတ်နိုင်ငံ Huawei စမတ်ဖုန်း ကုမ္ပဏီမှ ထုတ်လုပ် လိုက်သည့် Huawei P9 စမတ်ဖုန်းအား မိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။

Huawei P9 ၏ မှန်ဘီလူး ၂ လုံးပါ ကင်မရာ ကို ဂျာမနီနိုင်ငံ ၏ Leica ကင်မရာ ထုတ်လုပ်ရေး ကုမ္ပဏီနှင့် ပူးတွဲဖန်တီး ထားခြင်း ဖြစ်ပြီး ဈေးကွက် အတွင်းရှိ အခြား Android ဖုန်းများနှင့် မတူဘဲ ထူးထူးခြားခြား ဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။

Huawei P9 ၏ နောက် ကင်မရာသည် 12 megapixel ရှိပြီး ရှေ့ကင်မရာ အနေဖြင့် 8 megapixel ရှိကြောင်း သိရသည်။ မျက်နှာပြင် အကျယ် ၅.၂ လက်မ ရှိကာ အလေးချိန်အား ဖြင့် ၁၄၄ ဂရမ်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.