Connect with us

ASEAN

နီပေါနိုင်ငံတွင် တစ်ရက်အတွင်း အသစ်ထပ်တိုး အတည်ပြုလူနာ ၃,၀၀၀ကျော် ရှိ

နီပေါနိုင်ငံ ပါတန်မြို့၏ မြင်ကွင်းများအား စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်လူနာသစ် ၃,၄၃၉ ဦး ထပ်တိုးရာ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း လူနာသစ်အရေအတွက် အများဆုံးစံချိန်တင် ဖြစ်ခဲ့ကြောင်း နီပေါနိုင်ငံ ကျန်းမာရေးနှင့်ပြည်သူ့အင်အား ဝန်ကြီဌာန၏ အောက်တိုဘာ ၇ ရက်ထုတ်ပြန်ချက်များအရ သိရသည်။

အောက်တိုဘာ ၇ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၉၄,၂၅၃ ဦး ၊ ထပ်တိုးသေဆုံးသူ ၁၅ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၅၇၈ ဦး ရှိကြောင်း သိရသည်။
မြို့တော်ခတ္တမန္ဒူရှိ ခတ္တမန္ဒူတောင်ကြားဒေသတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးဖြစ်ကြောင်း ၊ အတည်ပြုလူနာ ၁,၆၈၄ ဦးသည် ခတ္တမန္ဒူ ၊ ပါတန်၊ Bhadgaonမြို့များမှ ဖြစ်ကြောင်း ကျန်းမာရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Gautamက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နီပေါနိုင်ငံ ပါတန်မြို့၏ မြင်ကွင်းများအား စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ကူးစက်လူနာအရေအတွက် အများကြီး မြင့်တက်လာတယ်၊ ခတ္တမန္ဒူ တောင်ကြားဒေသ ဆေးရုံတွေလည်း စိန်ခေါ်မှုအများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ဒီတိုင်းသာ ရှေ့ဆက်မယ်ဆိုရင် ဆေးရုံက ဝန်ပိအား ခံနိုင်တော့မှာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ ဆေးရုံတွင် လူနာတွေပြည့်နေပြီး ရောဂါပြင်းထန်သည့် လူနာသစ်ကို ထပ်လက်မခံနိုင်တော့ကြောင်း နီပေါ Tribhuvan တက္ကသိုလ်ဆေးရုံ ကိုဗစ် စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းရေးတာဝန်ခံက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

နီပေါနိုင်ငံ ပါတန်မြို့၏ မြင်ကွင်းများအား စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နီပေါနိုင်ငံသည် ဇူလိုင်လတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ပိတ်ဆို့မှုများကို ဖြေလျှော့လိုက်ပြီးနောက် ကပ်ရောဂါအခြေအနေ ဆက်တိုက်ဆိုသလို ဆိုးဝါးလာခဲ့ရာ အစုလိုက်အပြုံလိုက် ကူးစက်မှုများ မကြာခဏဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ဝန်ကြီးချုပ် အိမ်တော်တွင် လူပေါင်း ၁၄၀ ကျော် ကူးစက်ခံခဲ့ရရာ ဝန်ကြီးချုပ်K. P. Sharma Oli၏ အကြံပေးများလည်း ပါဝင်ကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.