Connect with us

ASEAN

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၂၄)သန်းကျော် ရှိလာ

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် သယ်ယူပို့ဆောင်ရေးအလုပ်သမားဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ မေ ၁၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည် (၂၄)နာရီအတွင်း ကိုဗစ်-၁၉ ထပ်တိုးအတည်ပြုလူနာ (၃၄၃,၁၄၄)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၂၄,၀၄၆,၈၀၉)ဦး ၊ ထပ်တိုးသေဆုံးသူ (၄,၀၀၀)နှင့် စုစုပေါင်းသေဆုံးသူ (၂၆၂,၃၁၇)ဦး ရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၄ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေသူတစ်ဦးအား မေ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း တယ်လန်ဂါနာပြည်နယ်၌ Lockdown ချထားချိန် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးကင်းလှည့်နေသည်ကို မေ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ် ဘန်ဂလိုမြို့တွင် Lockdown ချထားချိန် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ကင်းလှည့်နေသည်ကို မေ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Agartala မြို့တွင် ဆေးဝန်ထမ်းများက ကိုဗစ်-၁၉ စစ်ဆေးရန် ဓါတ်ခွဲနမူနာ ယူနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယတွင် မေ ၁၃ ရက်က ဓာတ်ခွဲနမူနာ (၁.၈၇)သန်းကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ကြောင်း အိန္ဒိယ ဆေးသုတေသနကောင်စီ(ICMR)၏ နောက်ဆုံးရ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ အိန္ဒိယအစိုးရက နိုင်ငံတစ်ဝန်းဒေသအသီးသီးတွင် ကိုဗစ်-၁၉ စစ်ဆေးရေးစက်ပစ္စည်းများ တိုးချဲ့ကာ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ရုရှားနိုင်ငံထုတ် “Sputnik V” ကာကွယ်ဆေးကို အိန္ဒိယတွင် အရေးပေါ် အသုံးပြုရန် ပြီးခဲ့သည့်ရက်က ခွင့်ပြုချက်ရရှိခဲ့သည်။ ယနေ့ အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့တွင် “Sputnik V” ကာကွယ်ဆေးအား ပထမအကြိမ်ထိုးနှံပေးနေပြီဖြစ်ကြောင်း Dr. Reddy’s ဆေးကုမ္ပဏီက မေ ၁၄ ရက်တွင် ကြေညာခဲ့သည်။

သို့သော် အိန္ဒိယမီဒီယာများ၏ သတင်းများအရ ကိုဗစ်-၁၉ ကာကွယ်ဆေးလိုအပ်မှုကြောင့် မြို့တော် နယူးဒေလီ၊ မဟာရာရှ်ထရာပြည်နယ်နှင့် ရာဇဌာန်ပြည်နယ် စသည့် နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးသည့်စင်တာ ရာနှင့်ချီပိတ်ထားပြီး အသက် (၁၈)နှစ်မှ (၄၅)နှစ် ရှိ လူအုပ်စုများ၏ ကာကွယ်ဆေးထိုးနှံမှုကို ခေတ္တရပ်နားထားခြင်း သို့မဟုတ် လျှော့ချဆောင်ရွက်ခြင်းများ ရှိနေကြောင်း ဆိုသည်။ အိန္ဒိယအစိုးရက Oxford နှင့် AstraZeneca ပူးတွဲသုတေသနပြုထားပြီး အိန္ဒိယ Serum Instituteမှ ထုတ်လုပ်သည့် Covishield ကာကွယ်ဆေး (၂)လုံး ထိုးနှံမှုကို မူလ ရက်သတ္တပတ်(၆)ပတ်မှ (၈)ပတ်ခြား ထိုးနှံပေးရာမှ ရက်သတ္တပတ်(၁၂)ပတ်မှ (၁၆)ပတ်ခြား ထိုးနှံပေးကြရန် အကြံပြုထားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန စသည့်ဌာနများက ပြည်ပကာကွယ်ဆေး ထုတ်လုပ်သူများနှင့် ဆက်သွယ်မှုအမြဲရှိကြောင်း ၊ သူတို့ကို ကာကွယ်ဆေးတင်ပို့ပေးရန် သို့မဟုတ် အိန္ဒိယပြည်တွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ပေးရန် ဆောင်ရွက်စေလိုကြောင်း အိန္ဒိယနိုင်ငံ အမျိုးသားအဆင့် အသွင်ကူးပြောင်းရေး အဖွဲ့အစည်း (NITI Aayog)၊ နိုင်ငံတော်အဆင့်ကာကွယ်ဆေးပညာရှင်အဖွဲ့ တာဝန်ခံ Vinod Paul က မေ ၁၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

————————————
(Chinese Version)
(国际疫情)印度累计新冠确诊病例超2400万例
2021-05-14 17:54:29
新华社新德里5月14日电(记者胡晓明)印度卫生部14日公布的疫情数据显示,印度过去24小时新增新冠确诊病例343144例,累计确诊达24046809例;新增死亡4000例,累计死亡262317例。
印度医学研究理事会14日公布的最新数据显示,印度13日共对超过187万份样本进行了新冠病毒检测。印度政府正加紧在全国各地增加新冠检测设施。
俄罗斯研发的“卫星V”疫苗日前已在印度获得紧急使用许可。印度雷迪博士制药公司14日宣布,当天在印度南部城市海得拉巴,已有民众接种了第一剂“卫星V”疫苗。不过,据印度媒体报道,由于新冠疫苗短缺,印度首都新德里、马哈拉施特拉邦和拉贾斯坦邦等地已关闭数百家疫苗接种中心,暂停或减少为18至44岁人群接种疫苗。
印度政府还建议,由英国牛津大学与阿斯利康公司联合研发、印度血清研究所生产的Covishield疫苗两针接种间隔时间从原来的6至8周延长到12至16周。
印度国家转型委员会成员、国家疫苗专家组负责人维诺德•保罗在13日举行的记者会上说,印度外交部等部门一直与国外疫苗生产商保持联系,希望他们向印度出口或在印度生产新冠疫苗。(完)

图说1:5月11日,在印度加尔各答,运输行业人员排队等候接种新冠疫苗。
图说2:5月12日,一名男子在印度德里接种新冠疫苗。
图说3:实施封锁的特伦甘纳邦。5月12日,骑警在印度南部特伦甘纳邦首府海得拉巴老城中心巡逻。
图说4:印度班加罗尔“封城”控疫情。5月10日,警察在印度卡纳塔克邦首府班加罗尔街头执勤。
图说5:5月11日,在印度阿加尔塔拉,医务人员为一名女子进行新冠检测取样。