Connect with us

MYANMAR

တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ နှင့် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန တို့ က ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်း နှင့် ပတ်သက်၍ ဖလှယ်မှု ပြုလုပ်

ရန်ကုန် ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က ဧပြီလ ၁၆ ရက် တွင် နေပြည်တော် ၌ မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်း နှင့် ပတ်သက်၍ ဖလှယ်မှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ တိုင်း နှင့် ပြည်နယ် အသီးသီး ရှိ ကျန်းမာရေး ဌာန ကိုယ်စားလှယ်များ၏ မေးမြန်းမှု အား ဗီဒီယို မှ တစ်ဆင့် ဖြေကြားပေး ခဲ့သည်။

အစည်းအဝေး အား မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး မှ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာ (Ms. Li Xiaoyan) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ က အစည်းအဝေး အား အွန်လိုင်း မှ တစ်ဆင့် တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ နှင့် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန တို့ က ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်း နှင့် ပတ်သက်၍ ဖလှယ်မှု ပြုလုပ် နေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး)

တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ နှင့် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန တို့ က ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်း နှင့် ပတ်သက်၍ ဖလှယ်မှု ပြုလုပ် နေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး)

မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်နေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က ဗီဒီယို မှ တစ်ဆင့် အစည်းအဝေး တက်ရောက်နေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး)

တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ နှင့် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ၏ အစည်းအဝေး အား တရုတ် နိုင်ငံ သံရုံးအရာရှိများ ပါဝင် နေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး)

တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ နှင့် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ၏ အစည်းအဝေး အား တရုတ် နိုင်ငံ သံရုံးအရာရှိများ ပါဝင် နေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး)

မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က အစည်းအဝေး တွင် မြန်မာ နိုင်ငံ အစိုးရ အနေဖြင့် တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ အား ထပ်မံ ကြိုဆိုကြောင်း နှင့် ကျေးဇူးတင်ကြောင်း ကို ပြောကြားလိုကြောင်း ၊ တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အနေဖြင့် မြန်မာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်နေသည့် အရေးပါဆုံးအချိန်တွင် ကူညီထောက်ပံ့မှုပေးခြင်းသည် အေးချမ်းလွန်းသည့် အချိန် တွင် အနွေးဓာတ် ပေးအပ်သည့် ဆောင်ရွက်မှု မျိုးဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ၏ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် သံယောဇဉ် ကို ပေါ်လွင်စေခဲ့ကြောင်း ၊ လတ်တလော ရက်ပိုင်း အတွင်း တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ က ရန်ကုန် နှင့် မန္တလေး မြို့များ သို့ သွားရောက် ခဲ့ပြီး ရောဂါစစ်ဆေးမှု နှင့် ကာကွယ်မှု စသည့် ကဏ္ဍ များတွင် မြန်မာ နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူ များအား အနီးကပ် သိပ္ပံနည်းကျ ညွှန်ကြားမှုများ ပြုလုပ်ပေးခဲ့ပြီး လက်တွေ့ဆောင်ရွက်နိုင်သည့် အကြံပြုချက်များအား ပေးအပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ မျှဝေသည့် အတွေ့အကြုံများက လွန်စွာ တန်ဖိုးကြီးမား ပြီး မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ အကြံပြုချက်များကို တစ်နိုင်ငံလုံး အတိုင်းအတာ တွင် ကျင့်သုံးဆောင်ရွက်သွားပြီး ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း တွင် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။`

တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အနေဖြင့် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ တိုင်း နှင့် ပြည်နယ် အသီးသီး ရှိ ကျန်းမာရေး ဌာန ၏ ကိုယ်စားလှယ် များ နှင့် ဗီဒီယို တွေ့ဆုံဖလှယ်မှု ပြုလုပ်ခြင်း အပေါ် မိမိ နှင့် သံရုံးဝန်ထမ်း တို့ က လေးစား ဂုဏ်ပြုအပ်ကြောင်း ၊ COVID-19 ရောဂါ နှင့် ရင်ဆိုင်ချိန်တွင် မြန်မာ နိုင်ငံ အစိုးရ အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းများ အား အဆက်မပြတ် ဆောင်ရွက် ခဲ့ပြီး ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး နှင့် ဝန်ကြီးဌာန တို့ က လုပ်ငန်း ဆောင်ရွက်မှု များစွာ ဆောင်ရွက်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တွင် နေထိုင်နေသည့် နိုင်ငံခြားရေး ဝန်ထမ်း တစ်ဦး အနေဖြင့် မြန်မာ နိုင်ငံ အစိုးရ ဝန်ထမ်းများ ၏ ကြိုးပမ်းဆောင်ရွက်မှု ကို နက်ရှိုင်းစွာ သိရှိကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ က အေးအတူ ပူအမျှ အပြန်အလှန် ကူညီစောင့်ရှောက်သည့် အိမ်နီးချင်း ၊ ပေါက်ဖော် နှင့် မိတ်ဆွေများ ဖြစ်ကြကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ ၌ ကပ်ရောဂါ အား သိသာစွာ ထိန်းချုပ် နိုင်ခဲ့ပြီး တရုတ် နိုင်ငံ အနေဖြင့် လက်ရှိချိန်တွင် မြန်မာ နိုင်ငံ အပါအဝင် ကပ်ရောဂါ ကြောင့် ထိခိုက်မှု ဖြစ်ပွား နေသည့် နိုင်ငံ များ နှင့် အတူတကွ အခက်အခဲ အား တိုက်ဖျက်နေကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ နှင့် ကဏ္ဍအသီးသီး တို့ က မြန်မာ နိုင်ငံ အား ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများစွာ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ က မြန်မာ နိုင်ငံ သို့ လာရောက် ခဲ့ပြီး ကပ်ရောဂါ နှင့် ပတ်သက်၍ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နှင့် ကံကြမ္မာအကျိုးတူ အသိုက်အဝန်း စိတ်ဓာတ်ကို ပိုမို ပေါ်လွင်စေခဲ့ကြောင်း ၊ ယနေ့ ကျင်းပ ပြုလုပ်သည့် အစည်းအဝေး မှ တစ်ဆင့် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန အတွက် ထိရောက်သည့် အကြံပြုချက်များ ထောက်ပံ့ပေးနိုင်မည် ကို ယုံကြည်ပြီး နှစ်နိုင်ငံ ကပ်ရောဂါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် တွန်းအားပေး နိုင်မည် ကို ယုံကြည်ကြောင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် တရုတ် နိုင်ငံ ပြည်တွင်း သက်ဆိုင်ရာ ဌာန နှင့် ဒေသများ နှင့် ညှိနှိုင်း၍ မြန်မာ နိုင်ငံ နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကာ မြန်မာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အောင်ပွဲ ရရှိရန် အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ ခေါင်းဆောင် ရန်လိကျွင်း က မြန်မာ နိုင်ငံ အတွင်း သွားရောက် လေ့လာ ခဲ့သည့် အခြေအနေ၊ ပူးပေါင်းဆောင်ရွက်သည့် အခြေအနေများနှင့် ပတ်သက်၍ ဦးစွာ အစီရင်ခံခဲ့ပြီး ကပ်ရောဂါ ထိန်းချုပ်မှု ၊ ဓာတ်ခွဲခန်း စစ်ဆေးမှု ၊ ဆေးဝါးကုသမှု ၊ ဆေးရုံ ကူးစက်ရောဂါ ထိန်းချုပ်မှု စနစ် နှင့် တရုတ် တိုင်းရင်းဆေး ကုသမှု နှင့် ပတ်သက်၍ လုပ်ငန်းပိုင်းဆိုင်ရာ အကြံပြုချက်များ ပေးအပ်ခဲ့သည်။

ထို့နောက် တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ နှင့် မြန်မာ နိုင်ငံ ဗဟို နှင့် ဒေသအသီးသီး ကျန်းမာရေး ဌာန ကိုယ်စားလှယ် တို့ က အများပြည်သူ သွားလာသည့် နေရာ တွင် ပိုးသတ်ခြင်း ၊ လူနာ ကုသရေး နည်းလမ်း ၊ တရုတ် တိုင်းရင်းဆေး ကုသမှု နှင့် ကပ်ရောဂါ အချိန်ကာလ အတွင်း စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများ နှင့် ပတ်သက်၍ ဖလှယ်မှုများ ပြုလုပ်ခဲ့ပြီး မေးမြန်းမှုများအား ဖြေကြားပေးခဲ့သည်။

အစည်းအဝေး ပြီးနောက် တွင် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က မြန်မာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ရောက်ရှိလာသည့် တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ အား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။  (Xinhua)