Connect with us

MYANMAR

တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ တောင်သူများ အနေဖြင့် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့ရေးလုပ်ငန်းများ ဆောင်ရွက် ရန် စက်များလိုအပ်ပါက အကူအညီတောင်းခံနိုင် 

စပါးရိတ်သိမ်းနေသည့် တောင်သူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) 

တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ တောင်သူလယ်သမားဦးကြီးများ အနေဖြင့် COVID-19 ကာလ တွင် စက်ကိရိယာများအသုံးပြု၍ ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့ရေးလုပ်ငန်းများ ဆောင်ရွက် ရန် စက်မှုလယ်ယာဦးစီးဌာနသို့ ယခုမှစတင်၍ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၊စက်မှုလယ်ယာ ဦးစီးဌာန က ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှှိုင်က ဆင်ဟွာကို ဧပြီ ၃ ရက်တွင်ပြောသည်။

ဦးစိုးလှိုင်က “COVID-19 ဖြစ်ပွားနေတဲ့ကာလ မှာ လူစုလူဝေး မလုပ်ဖို့ Home stay နေလာကြတော့ လုပ်သားရှားပါးလာတယ်။ အရင်က တောင်သူတွေ က လူအင်အားနဲ့ လုပ်ကြတယ်။နောက်ပြီး  ပုဂ္ဂလိက စက်တွေ နဲ့ ငှားပြီးလုပ်ကြတာတွေရှိတယ်။ အခုပုဂ္ဂလိကလုပ်ငန်းတွေ လည်း ပိတ်နေပြီဆိုတော့ အခက်အခဲ ရှိရင် ကျွန်တော်တို့ ကိုဆက်သွယ်ပါ။ စက်မှုလယ်ယာဦးစီးဌာနက စခန်းတွေအားလုံးကို Stand by ကူညီဖို့အတွက် ညွှန်ကြားထားပါတယ်။’’ ဟုပြောသည်။ 

စက်တင်မက စက်မောင်းသူပါ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ဌာန အနေဖြင့်  စက် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဦးစိုးလှိုင်က “အရင် အကူအညီတောင်းသူ ကို အရင် ကူညီပေးသွားမှာပါ။ အကူအညီတောင်းသူတွေ ရဲ့ အနီးအနားမှာ ရှိတဲ့ တစ်ခြားသော တောင်သူတွေက အကူအညီလိုအပ်ရင်လည်း တစ်ခါတည်း အကူအညီပေးသွားမှာပါ’’ ဟုပြောသည်။

ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့ရန် အကူအညီလိုအပ်ပါက ၀၆၇-၃၄၃၁၂၁၀၊ ၀၆၇-၃၄၃၁၂၁၂၊ ၀၆၇-၃၄၃၁၂၃၄၊ ၀၆၇-၃၄၃၁၂၁၈ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။  (Xinhua)