Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု သန်း ၃၀ ကျော်ရှိပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်ပြော

အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိ Maimonides ကျန်းမာရေးစင်တာသို့ လူနာပို့ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုအရေအတွက်မှာ မတ် ၂၄ ရက်၌ သန်း ၃၀ ကျော်သွားပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE) အရ သိရသည်။

အမေရိကန်နိုင်ငံ၌ ဒေသစံတော်ချိန် ညနေ ၆:၂၇ နာရီအထိ သေဆုံးသူ ၅၄၅,၀၅၃ ဦး အပါအဝင် ရောဂါဖြစ်ပွားသူအရေအတွက်မှာ ၃၀,၀၀၁၂၄၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း CSSE စာရင်းအရ သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၃,၆၄၇,၇၃၅ ဦးဖြင့် ရောဂါဖြစ်ပွားမှုတွင် အများဆုံးပြည်နယ်အဖြစ် ရှိနေကြောင်း၊ တက္ကဆက်ပြည်နယ်မှာမူ ရောဂါဖြစ်ပွားသူ ၂,၇၆၅,၆၃၆ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ ၎င်းနောက်တွင် ဖလော်ရီဒါပြည်နယ်၌ ရောဂါဖြစ်ပွားသူ ၂,၀၂၁,၆၅၆ ဦး၊ နယူးယောက်ပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၁,၈၁၄,၆၆၂ ဦး၊ အီလီနွိုက်ပြည်နယ်၌ ရောဂါဖြစ်ပွားသူ ၁.၂ သန်းကျော်ဖြင့် အသီးသီးရှိကြောင်း သိရသည်။

ထို့ပြင် ဂျော်ဂျီယာ၊ အိုဟိုင်းအိုး၊ ပင်ဆယ်ဗားနီးယား၊ မြောက်ကယ်ရိုလိုင်းနား၊ နယူးဂျာစီ၊ အရီဇိုးနားနှင့် တန်တက်စီ ပြည်နယ်များအပါအဝင် အခြားပြည်နယ်များ၌ ရောဂါဖြစ်ပွားမှု ၈၀၀,၀၀၀ ကျော် ရှိကြောင်း CSSE အချက်အလက်က ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့ရောဂါဖြစ်ပွားမှု၏ ၂၄ ရာခိုင်နှုန်းကျော်ရှိကာ ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ လူသေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းနီးပါးမျှ ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ COVID-19 ရောဂါဖြစ်ပွားမှုသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ၁၀ သန်းသို့ ရောက်ရှိလာခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် နှစ်ဆရှိလာခဲ့ကာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ရောဂါဖြစ်ပွားမှုအသစ် ၁၀ သန်း ထပ်မံတိုးပွါးလာခဲ့ခြင်း ဖြစ်သည်။

လာမည့် ရက်သတ္တပတ်လေးပတ် အတွင်း COVID-19 ဖြစ်ပွားမှုအသစ်မှာ တည်ငြိမ်ခြင်း သို့မဟုတ် ဧပြီ ၁၇ ရက်အထိ ရောဂါဖြစ်ပွားမှုအသစ် ၁၇၆,၀၀၀ မှ ၅၄၄,၀၀၀ ခန့် ရှိနိုင်ကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ် ကာကွယ်ရေး (CDC) က ခန့်မှန်းထားသည်။

အမေရိကန်နိုင်ငံတွင် ဧပြီ ၁၇ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၅၅၈,၀၀၀ ဦးမှ ၅၇၈,၀၀၀ ဦးအထိ ရှိနိုင်ကြောင်း CDC က ခန့်မှန်းထားသည်။ (Xinhua)
————————————
(English Version)
U.S. COVID-19 cases surpass 30 mln — Johns Hopkins University
Source: Xinhua| 2021-03-25 07:16:44|Editor: huaxia
NEW YORK, March 24 (Xinhua) — The total number of COVID-19 cases in the United States topped 30 million on Wednesday, according to the Center for Systems Science and Engineering (CSSE) at Johns Hopkins University.
U.S. COVID-19 case count rose to 30,001,245, with a total of 545,053 deaths, as of 6:27 p.m. local time (2227 GMT), according to the CSSE tally.
California topped the state-level caseload list, with 3,647,735 cases. Texas confirmed the second most cases of 2,765,635, followed by Florida with 2,021,656 cases, New York with 1,814,662 cases, and Illinois with more than 1.2 million cases.
Other states with over 800,000 cases include Georgia, Ohio, Pennsylvania, North Carolina, New Jersey, Arizona and Tennessee, the CSSE data showed.
The United States remains the nation worst hit by the pandemic, with the world’s most cases and deaths, making up more than 24 percent of the global caseload and nearly 20 percent of the global deaths.
U.S. COVID-19 cases reached 10 million on Nov. 9, 2020, and the number doubled on Jan. 1, 2021. Ever since the beginning of 2021, the country has added 10 million new cases.
A national ensemble forecast updated Wednesday by the U.S. Centers for Disease Control and Prevention (CDC) predicted that the number of newly reported COVID-19 cases over the next four weeks will remain stable or have an uncertain trend, with 176,000 to 544,000 new cases likely reported by April 17.
The CDC also projected a total of 558,000 to 578,000 coronavirus deaths in the United States by April 17. Enditem
Healthcare workers wheel a patient to a triage tent at the Maimonides Medical Center in the Brooklyn borough of New York, the United States, April 19, 2020. The total number of COVID-19 cases in the United States topped 750,000 Sunday evening, reaching 759,086 as of 8:00 p.m. (0000 GMT on Monday), according to the Center for Systems Science and Engineering (CSSE) at Johns Hopkins University. A total of 40,661 people have died of the disease in the country, according to the CSSE. (Photo by Michael Nagle/Xinhua)