Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် တောဆင်ရိုင်း ၃ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် စပါးနှင့် ငှက်ပျောခြံ၊ကွမ်းခြံများ ပျက်စီး

ဂွမြို့နယ် ယခင် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် ပျက်ဆီးသွားသော နေအိမ်အား တွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေး)

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် တောဆင်ရိုင်း ၃ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် စပါးတင် း ၅၅တင်းအပါအဝင် ငှက်ပျောခြံ၊ကွမ်းခြံများ နှင့် လယ်စောင့်တဲ တစ်လုံးပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

 ဂွမြို့နယ်၊ ရွှေတွင်းတူးကျေးရွာအနီး ၌ နိုဝင်ဘာ ၂၃ ရက် ည၁၁နာရီဝန်းကျင်က တောဆင်ရိုင်း ၃ ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် ရိတ်သိမ်းထားသော စပါး ၅၅ တင်း၊ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း လယ်စောင့်တဲ ၁ လုံးနှင့် ငှက်ပျောခြံ/ကွမ်းခြံတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တောရိုင်းဆင်ဝင်ရောက်ဖျက်ဆီးမှုကြောင့်  လူ/တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်၌  အောက်တိုဘာလ ၂၁ ရက်ကလည်း တောဆင်ရိုင်း ၂ ကောင် ဝင်ရောက်ဖျက်ဆီး၍ လယ်ကွင်းအတွင်း စောင့်ထားသော အိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

တောဆင်ရိုင်းများသည် ဂွမြို့နယ်အတွင်း မကြာမကြာ ဝင်ရောက်ပြီး နေအိမ်၊ လယ်၊ စိုက်ခင်းများအား ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။(Xinhua)