Connect with us

Politics, Law & Military

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ရက် ၉၀ တိုးရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် အစည်းဝေးကျင်းပနေပုံ (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးရန် ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှသိရသည်။

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေး ရက် ၉၀ မှ နောက်ထပ် ရက် ၉၀ တိုးမြင့်ရေး အတွက် နိုင်ငံတော်သမ္မတက မေလ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ယင်း သဝဏ်လွှာကို ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ တင်ပြခဲ့ပြီး ယနေ့ ပြည်ထောင်စု လွှတ်တော်အတွင်း လွှတ်တော် ကိုယ်စားလှယ် လေးဦးမှ ဆွေးနွေးပြီး ကန့်ကွက်မဲ မရှိ အတည်ပြု ခဲ့သည်။

ကိုးကန့် ဒေသကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ပြီး စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မှုသည် ယခု မေလ ၁၇ ရက်နေ့တွင် ရက် ၉၀ ပြည့်မြောက်ပြီ ဖြစ်ကြောင်း၊ ယင်းဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် စစ်အုပ်ချုပ်ရေးရက် ၉၀ ထပ်မံ တိုးမြှင့်ရန် တင်ပြခြင်းဖြစ်သည်။

အဆိုပါ ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး ထပ်မံတိုးမြှင့်မှုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး မကြာမီ အစိုးရအဖွဲ့မှ ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ထပ်မံတိုးမြှင့်ကြောင်း ကြေညာမည် ဖြစ်သည်။
လက်ရှိ ကိုးကန့်ဒေသတွင် ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများ အခြေအနေကို ယနေ့ညတွင် တရားဝင် ထုတ်ပြန်မည်ဖြစ်ပြီး ကိုးကန့်ဒေသကို ရက် ၉၀ ထပ်တိုးဖို့ လွှတ်တော်က ကန့်ကွက်မည့်သူ မရှိသဖြင့် အဆို အတည် ဖြစ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

မြန်မာ့ တပ်မတော်ဘက်မှ ကိုးကန့် တပ်ဖွဲ့များရှိသော ပွိုင့် – ၂၂၀၂ တောင်ကုန်း တစ်ခုလုံးအား မေလ ၁၄ ရက်နေ့ ည ၁၀ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ကိုးကန့် တပ်ဖွဲ့များ အများအပြားရှိသည့် အဓိက တောင်ကုန်း အားလုံးကို သိမ်းပိုက် နိုင်ခဲ့ကြောင်း မြန်မာ့ တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာ တပ်မတော်နှင့် ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲများ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ခဲ့ပြီး လက်ရှိ အချိန်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။ (Xinhua)