Connect with us

Politics, Law & Military

ကိုးကန့် တပ်ဖွဲ့၏ တဖက်သက် တိုက်ပွဲရပ်စဲရေး ကြေညာချက်အပေါ် အစိုးရ စောင့်ကြည်ပြီးမှ ဆက်လက် ဆုံးဖြတ်မည်

နိုင်ငံတော် သမ္မတ၏ အထူးသံအဖွဲ့က တရုတ်နိုင်ငံ ယူနန် နယ်စပ်ရှိ ကိုးကန့် တိုက်ပွဲ စစ်ပြေး ဒုက္ခသည် များအား ထားရှိသည့် ဒုက္ခသည်စခန်းသို့ မတ်လ အတွင်းက သွားရောက် ကြည့်ရှုခဲ့စဉ် (ဓာတ်ပုံ- မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

အစိုးရတပ်မတော်နှင့် တိုက်ပွဲများ သုံးလကြာ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) မှ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သည့် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာချက်အပေါ် အစိုးရ အနေဖြင့် စောင့်ကြည်ပြီးမှ ဆက်လက် ဆုံးဖြတ်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ယနေ့ ပြောကြားသည်။

“စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်မယ်၊ သူတို့ရဲ့ လက်တွေ့ လှုပ်ရှားမှုတွေကို ကြည့်မယ်၊ ထုတ်ပြန်ချက်အတိုင်း တကယ် လုပ်မလုပ် စောင့်ကြည့်ပြီးမှ ရှေ့ ဘာလုပ်မလဲ စဉ်းစားမယ်” ဟု ၎င်းက ဆိုသည်။တရုတ်နိုင်ငံအစိုးရမှ တရုတ်-မြန်မာ နယ်စပ် ဒေသတလျှောက် တည်ငြိမ် အေးချမ်းရေးကို တောင်းဆိုခြင်းနှင့် ပြည်တွင်း၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အချိန် နီးကပ်လာခြင်းကြောင့် စစ်ကို တဖက်သက် စစ်ရပ်စဲလိုက်ပြီ ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့က MNDAA စစ်ရေးကော်မတီ၏ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိုးကန့်တပ်ဖွဲ့မှ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးဌာန အနေဖြင့် အောက်ခြေတပ်များသို့ ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိသေးကြောင်း၊ လက်ရှိတွင် လောက်ကိုင် ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမှု လျော့နည်းလာသော်လည်း တပ်မတော်အနေဖြင့် နယ်မြေ တည်ငြိမ်ရေး အတွက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း လောက်ကိုင် ဒေသ ကွက်ကဲရေး ဌာနမှ သိရသည်။တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117