Connect with us

Politics, Law & Military

ကိုးကန့် အဖွဲ့၏ မဟာ ဗျူဟာကျ တောင်ကုန်းကို မြန်မာ့ တပ်မတော် ထပ်မံရရှိ

မြန်မာ့ တပ်မတော်မှ လောက်ကိုင် ဒေသအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင် မြန်မာ့ တပ်မတော်နှင့် ကိုးကန့် အဖွဲ့တို့ ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကိုးကန့်အဖွဲ့၏ အရေးပါသည့် တောင်ကုန်း တစ်ကုန်းကို မြန်မာ့ တပ်မတော်က ထပ်မံ ရရှိကြောင်း တပ်မတော်၏ မီဒီယာ ဖြစ်သည့် မြဝတီတွင် ဧပြီလ (၁၀) ရက် နေ့၌ ဖော်ပြ ထားသည်။

ဧပြီလ (၈) ရက်တွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်ကာ တောင်ကုန်း ၁၈၄၅ ကို လက်နက်ကြီး များဖြင့် ပစ်ခတ် ခဲ့သည်။ ၎င်း တိုက်ပွဲကြောင့် တပ်မတော်မှ ၁၀ ဦး ကျဆုံးကာ ၆၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

၎င်း တောင်ကုန်း ၁၈၄၅ သည် ၁.၈ ကီလိုမီတာ အမြင့် ရှိပြီး မြန်မာ-တရုတ် နယ်စပ် နှင့် ၄ ကီလိုမီတာ အကွာတွင် ရှိသည်။ ကိုးကန့် တိုက်ပွဲသည် ဖေဖော်ဝါရီလ (၉) ရက်တွင် စတင် ဖြစ်ပွားခဲ့သည်။

ကိုးကန့် အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (MNDAA ) သည် တပ်မတော် အစိုးရလက်ထက် တွင် ပထမ ဆုံး ငြိမ်းချမ်းရေး ရယူခဲ့သည့် အဖွဲ့ဖြစ်သည်။

ကိုးကန့် ဒေသ၏ မြို့တော် လောက်ကိုင်သည် တည်ငြိမ်မှု ပြန်လည်ရရှိပြီး ဒေသခံများ၏ ဆိုင်တချို့မှာ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း မတ်လတွင် ရန်ကုန်၌ ငြိမ်းချမ်းရေး ဆွေးနွေး နေစဉ် အတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

အတည်မပြု နိုင်သေးသည့် စာရင်းများအရ ကိုးကန့် တိုက်ပွဲကြောင့် တပ်မတော် ဘက်မှ ၁၂၂ ဦး ကျဆုံးကာ ၃၄၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။ MNDAA ဘက်မှ ၁၀၄ ဦး ကျဆုံးပြီး ၃၀ ဦး ဖမ်းဆီး ခံခဲ့ရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) မူကြမ်းကို မတ်လ ၃၀ ရက်နေ့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ မတ်လ (၃၁) ရက်တွင် မူကြမ်းကို ပဏာမ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။

ကိုးကန့် အဖွဲ့ သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ဖြစ်သည့်အတွက် ကိုးကန့်အဖွဲ့ကို ချန်လှပ် မထားဘဲ ငြိမ်းချမ်းရေး ဆွေးနွေးရန် NCCT က တောင်းဆိုထားသည်။ အစိုးရက ကိုးကန့် အဖွဲ့ကို ချန်လှပ်ထားပါက ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် ခက်ခဲမည်ဟု တိုင်းရင်းသား ဘက်ကဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117