Connect with us

Politics, Law & Military

ခြောက်ပွင့်ဆိုင် တွေ့ဆုံမှု၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆက်လက် ဆွေးနွေးရန် သဘောတူညီမှု ရရှိ

ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆက်လက် ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း တိုင်းရင်းသား ကိုယ်စားပြုအဖြစ် တက်ရောက်သော ဒေါက်တာ အေးမောင်က ပြောကြားသည်။

ယနေ့ တွေ့ဆုံမှုတွင် မူအားဖြင့် ဆွေးနွေးခဲ့ကြသော်လည်း လာမည့် မေလ (၁၁) ရက်နေ့ မတိုင်မီ အတွင်း တွေ့ဆုံမှုများ ထပ်မံ ဖြစ်ပေါ်လာဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။နေပြည်တော် သမ္မတ အိမ်တော်တွင် ယနေ့ နေ့လယ် ၂ နာရီတွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုတွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အပါအဝင်၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်သည်များကို တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သမ္မတ အိမ်တော်တွင် ၂ နာရီခန့်ကြာ ကျင်းပသည့် ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် အချက် ၃ ချက်ကို အဓိက ဆွေးနွေးခဲ့ကြောင်း၊ ပထမ အချက်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ ရွေးကောက်ပွဲ အလွန်ကာလ တည်ငြိမ် အေးချမ်းရေး စသည့် ဆွေးနွေးပွဲ အခြေခံမူဘောင် (Framwork ) များကို ဆွေးနွေးခဲ့ကြကြောင်း၊ ဒုတိယအချက်မှာ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ဆွေးနွေးသည့် ပုံစံ အခင်းအကျင်း (Format) ကို ဆွေးနွေးခြင်း ဖြစ်ကြောင်းနှင့် တတိယ အချက်မှာ နောက်တကြိမ် ၆ ပွင့်ဆိုင် ပြန်လည် တွေ့ဆုံမည့် အချိန်ကာလ သတ်မှတ်ရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်း ပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.