Connect with us

Politics, Law & Military

တတိယအကြိမ်ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ဖေဖော်ဝါရီ(၁)ရက်တွင်စတင်ကျင်းပမည်

ယခင္ အမျိုးသား လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ /အိမွန်ကျော်

တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်၊ မနက်(၁၀)နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ ကြေညာချက်များအရ သိရသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တက်ရောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဇန်နဝါရီ(၂၃)ရက်ထက်မစော၊ ဇန်နဝါရီ(၂၄)ရက်ထက်နောက်မကျဘဲ သတင်းပို့ရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။COVID-19 ရောဂါကြောင့် ကာလအတန်ကြာရပ်နားထားသော လွှတ်တော်အစည်းအဝေးများကို ပြန်လည် တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဧည့်ရိပ်သာတွင် တည်းခိုနေထိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် နေပြည်တော် စည်ပင်ရိပ်သာ ကော်မတီ ဧည့်ရိပ်သာ(၂)တွင်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရိပ်သာတွင် တည်းခိုမည့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့် တည်းခိုနေထိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့လွှတ်တော်ရုံး၊ ရေးရာအဆောင် အမှတ်-၁၂တွင်လည်းကောင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)တွင်လည်းကောင်း ဇန်နဝါရီ(၂၃)ရက်ထက်မစော၊ ဇန်နဝါရီ(၂၄)ရက်ထက်နောက်မကျဘဲ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)