Connect with us

Politics, Law & Military

ရင်းနှီးမြှုပ်နှံသူများကို အခွင့်အလမ်းများ ဖော်ဆောင်ပေးပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးကို ဦးတည်ကာ လုပ်ဆောင် ပေးစေလိုဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရင်းနှီး မြှုပ်နှံသူတို့ အတွက် အခွင့်အလမ်းများကို ဖော်ဆောင်ပေးပြီး ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးကို ဦးတည်ကာ လုပ်ဆောင် ပေးစေလိုကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ မူဘောင်များနှင့် အညီ လုပ်ဆောင်ပေးကြစေလိုကြောင်း၊ သို့မှသာ ရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းရှင်များကလည်း မိမိတို့ကော်မတီအပေါ် အပြန်အလှန်ယုံကြည်မှုများ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အမှတ်စဉ် ၂/၂ဝ၁၇ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာညီညီမောင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြဋ္ဌာန်းလိုက်သည့် အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ် တွင် ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့နေရသော အခက်အခဲ များအား ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးကော်မတီ အဖွဲ့ဝင် များက ဆွေးနွေးကြသည်။

”ရခိုင်ပြည်နယ်မှာ ရေရှည် ရင်းနှီးမြှုပ်နှံဖို့ဆိုရင် ဘယ်လိုအခက်အခဲတွေရှိသလဲ၊ မြေအခက်အခဲရှိသလား၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်တွေရှိပါတယ်၊ ကော်မတီ ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ကော်မတီက ဘယ်လိုအတည်ပြုမိန့်တွေ ပေးလို့ရတယ်၊ ရင်းနှီးမြှုပ်နှံတဲ့ သူဘက်ကလည်း ကူညီပေးတယ်၊ နိုင်ငံတော်နဲ့ ပြည်သူ အတွက်လည်း အကျိုးရှိအောင်လုပ်ပေးမယ်၊ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့အတွက် ကြိုးစား အကောင်အထည်ဖော်နေပါတယ်”ဟု ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာညီညီမောင်က ပြောသည်။(Xinhua)