Connect with us

Politics, Law & Military

အစိုးရ အနေဖြင့် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ခုကို ဖွဲ့စည်းသွားရန် ရှိကြောင်း သတင်း ထုတ်ပြန်

နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက် အမှတ် ၃/၂၀၁၈ အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ မေ ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် အစိုးရ အနေဖြင့် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ခုကို ဖွဲ့စည်းသွားရန် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ချက် အမှတ် ၃/၂၀၁၈ အား ထုတ်ပြန်ခဲ့သည်။

ထိုလွတ်လပ်သော ကော်မရှင်သည် အာဆာ အကြမ်းဖက် အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှု ပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ ၊ ယင်းနှင့် ဆက်နွယ်သည့် ကိစ္စများကို စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီး တစ်ဦး အပါအဝင် အဖွဲ့ဝင် ၃ ဦး ပါဝင်မည် ဖြစ်ပြီး ကော်မရှင်အား ပြည်တွင်း နှင့် နိုင်ငံတကာမှ ဥပဒေ နှင့် နည်းပညာ ကျွမ်းကျင်သူများက ပံ့ပိုးပေးမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် အတွင်း ပြန်လည် သင့်မြတ်ရေး ၊ တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ဆောင်ရွက်ရာတွင် အမျိုးသား အစီအစဉ် တစ်ရပ် အနေဖြင့် မြန်မာ အစိုးရသည် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေး အဖွဲ့၏ ကြားဖြတ် အကြံပြုချက်များကိုပါ ထည့်သွင်း စဉ်းစားလျက် ထိုသို့ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)