Politics, Law & Military
စက်မှုဝန်ကြီးဌာန နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ အား စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်း

ရန်ကုန်၊ နို ဝင်ဘာ ၂၈ရက် (ဆင်ဟွာ)
ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်အစည်းအဝေး၏ သဘောတူညီချက်အရ စက်မှုဝန်ကြီးဌာန နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ အား စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ် ၁၂၃/၂၀၁၉ ဖြင့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၂ တို့ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း သိရသည်။
ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင် နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း တို့အား စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။ (Xinhua)