Connect with us

Social

သြင်္ကန်ပွဲတော် ကာလ အတွင်း ယာဉ်မောင်းသူများ စည်းကမ်းချက်များ လိုက်နာရန် တိုက်တွန်း နှိုးဆော်

သင်္ကြန်ပွဲတော် ကာလအတွင်း ရေကစားကြသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် သြင်္ကန် ကာလ အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက် နစ်နာမှု မရှိစေရေး ၊ ယာဉ်အန္တရာယ် မဖြစ်ပွားစေရေး တို့အတွက် စည်းကမ်းချက် ၁၀ ချက်အား တိကျစွာ လိုက်နာကြရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တိုက်တွန်း နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

ထိုစည်းကမ်းချက်များမှာ မူးယစ် သောက်စား၍ ယာဉ်မောင်းနှင်ခြင်း မပြုရန် ၊ အပျော်လွန်ကျူး စည်းကမ်းမဲ ပြိုင်မောင်းခြင်း ၊ လုမောင်းခြင်း ၊ အရှိန်ပြင်း မောင်းခြင်း မပြုရန် ၊ ယာဉ်နံပါတ်ပြား မပါဘဲ မောင်းနှင်ခြင်း မပြုရန် ၊ ယာဉ်၏ ဘေးတံခါးများ ၊ နောက်ဖုံးများ ဖြုတ်၍ မောင်းနှင်ခြင်း မပြုရန် ၊ ယာဉ်ကြော ပြောင်းပြန် စီးနင်း မောင်းနှင်ခြင်း မပြုရန် ၊ ထော်လာဂျီ ကဲ့သို့အနှေးယာဉ်များကို အသုံးပြု၍ ရေကစားခြင်း မပြုရန် ၊ မော်တော် ဆိုင်ကယ်များ အိတ်ဇောပိုက် ဖြုတ်၍ စီးခြင်း ၊ အသံကျယ်လောင်စွာ စီးခြင်း ၊ နံပါတ် မမြင်အောင် တွန့်ခေါက်၍ စီးခြင်း ၊ ရှေ့/နောက် နံပါတ်ပြား မပါဘဲ စီးခြင်း ၊ နှစ်ဦးထက် ပို၍ စီးခြင်း ၊ ဆိုင်ကယ်စီး ဦးထုပ် မပါဘဲ စီးခြင်းများ မပြုရန် ၊ သံစုံဟွန်းများ တပ်ဆင်ကာ အသုံးမပြုရန် နှင့် မော်တော်ယာဉ်များတွင် ညစ်ညမ်းသော စာသားများ ၊ ဆိုင်းဘုတ် ၊ ပန်းချီ ၊ ရုပ်ပုံ ၊ အခြား မသင့်လျော်သော ပစ္စည်းများ ရေးသား ချိတ်ဆွဲ၍ မောင်းနှင်ခြင်း မပြုရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။

၂၀၁၆ ခုနှစ် သြင်္ကန်ကာလ အတွင်း တစ်နိုင်ငံလုံး အနေဖြင့် ယာဉ်မတော်တဆမှု ၃၅၉ မှု ဖြစ်ပွားခဲ့ကာ ဒဏ်ရာရ ၈၃၈ ဦး ၊ သေဆုံး ၁၃၂ ဦး ရှိခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး ၊ ပဲခူး တိုင်းဒေသကြီး ၊ စစ်ကိုင်း တိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသကြီး တို့တွင် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)