Connect with us

Sport

မြန်မာ့လက်ရွေးစင် နှင့် စင်ကာပူလက်ရွေးစင်ယူ-၂၃ ဘောလုံးအသင်းခြေစမ်းပွဲအတွက် လက်မှတ်များဝယ်ယူနိုင်

မြန်မာ့လက်ရွေးစင်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းသည် စင်ကာပူလက်ရွေးစင်ယူ-၂၃ အသင်းနှင့် ဇွန်လ ၂၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ဘောလုံးခြေစမ်းကစားမည်ဖြစ်ရာ အဆိုပါ ပွဲစဉ်အတွက် လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ယင်းပွဲစဉ်အား စင်ကာပူနိုင်ငံရှိ ဘီရှမ်းကွင်း၌ ည ၈း၀၀ နာရီ(မြန်မာစံတော်ချိန် ၆း၃၀)အချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လက်မှတ်များကို http://www.apactix.com/…/det…/singapore-u-23-vs-myanmar-u-23 တွင် ဝယ်ယူအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူဘောလုံးအဖွဲ့ချုပ်(FAS)သည် ယခုခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၂၃ (က)အသင်းကို ဖိတ်ခေါ်ခဲ့သော်လည်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာယူ-၁၉ အသင်း အတွေ့အကြုံကောင်းများ ရရှိစေရန် မြန်မာယူ-၂၃ (ခ)အသင်းအဖြစ် သွားရောက်ခြေစမ်း ကစားစေမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်း၏ စင်ကာပူခရီးစဉ်တွင် ကစားသမား ၂၃ ဦး လိုက်ပါမည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)