Connect with us

Sport

ဖီဖာကွန်ဂရက်သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများတက်ရောက်မည်

ဖီဖာကွန်ဂရက် ကျင်းပခဲ့သည့် မြင်ကွင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

၆၈ကြိမ်မြောက် FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) ကွန်ဂရက်သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့ တက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသတင်းထုတ်ပြန်သည်။

၎င်းကွန်ဂရက်သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဇွန်လ (၁၃) ရက်နေ့၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ညီလာခံသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒု-ဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ကြမည်ဖြစ်သည်။

အဆိုပါ ညီလာခံတွင် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်ခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.