ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ညပိုင်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၃၃၀ ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ကျိလင်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ် / စုဝင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် တွင် ချန်ချွမ်းမြို့နှင့် ဟွမ်ချွမ်းမြို့သို့ဆက်သွယ်ပြေးဆွဲထားသည့် မြန်နှုန်းမြင့်ရထားလမ်းတစ်လျှောက်တွင် ဖုံးလွှမ်းနေသော ဆီးနှင်းများနှင့် ရေခဲများကို ဖယ်ရှားရန် လုပ်သားပေါင်း ၄၀၀ ခန့် အသုံးပြုဆောင်ရွက်ခဲ့ရသည်။ ၎င်းတို့သည် လျှပ်စစ်ဓါတ်အားလိုင်းများ...
စီချွမ်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ် / စုဝင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ပြည်သူ့ဆေးရုံတွင် အသက် ၄၂ နှစ်အရွယ်ရှိ နှလုံးရောဂါသည်တစ်ဦးအား အစားထိုးလဲလှယ်ကုသမှုကို အောင်မြင်စွာလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ လူနာသည် နှလုံးကြွက်သား အားနည်းပြီး နှလုံးယောင်ရမ်းခြင်းဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည်။ နှစ်ပေါင်းများစွာ ပုံမှန်နှလုံး...
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တစ်ဝိုက်တွင် ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို တိုးမြှင့်ထားပြီး မလေးရှားနိုင်ငံတွင် ထပ်တိုးအတည်ပြုလူနာဦးရေ ဆက်တိုက် စံချိန်တင် မြင့်တက်နေကြောင်း နိုဝင်ဘာ ၂၄ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ဘမ်ယန်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘမ်ယန်ပြည်နယ် မြို့တော် ဘမ်ယန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက...
ပဲရစ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပြင်သစ်နိုင်ငံရှိ ပြည်သူများအနေဖြင့် နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ အိမ်အပြင်ဘက်ထွက်၍ လှုပ်ရှားသွားလာမှုများကို လွတ်လွတ်လပ်လပ် ပိုမိုလုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး ကျန်းမာရေး အခြေအနေများဖြင့် ကိုက်ညီမှုရှိပါက ဒီဇင်ဘာ ၁၅ ရက်တွင် နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများကို...
ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် နိုင်ငံတစ်ဝှမ်း သီတင်းနှစ်ပတ်အတွင်း တရားမဝင် သစ် ပမာဏ ၇၇၂ တန်ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
တိုကျို၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့်အတူ နိုဝင်ဘာ ၂၄ ရက်က တိုကျိုမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
နန်နင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တတိယအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းတွင် နိုဝင်ဘာ ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားကတည်းက ကလေးဦးရေ ၁.၂ သန်းနီးပါးတွင် COVID-19 ရောဂါ တွေ့ရှိခဲ့ရကြောင်း အမေရိကန် ကလေးအထူးကုဆရာဝန်များအကယ်ဒမီ (AAP) နှင့် ကလေးဆေးရုံများအသင်း တို့၏ နောက်ဆုံးတွေ့ရှိသည့် အချက်အလက်များအရ သိရသည်။