လန်ကျိုး ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး တရုတ်နိုင်ငံ ကန်းစုပြည်နယ် 5G+ခေတ်သစ်အခြေခံအဆောက်အဦဆက်သွယ်ရေးညီလာခံ ကို နိုဝင်ဘာ ၆ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း နှင့် လက်ရှိချိန်တွင် ကန်းစုပြည်နယ်အတွင်း 5G တာဝါတိုင်စုစုပေါင်း ၈,၁၀၀ ခု တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အဓိက အကြိတ်အနယ်ယှဉ်ပြိုင်ရသော ပြည်နယ်တစ်ခုဖြစ်သည့် ပန်ဆယ်လ်ဗေးနီးယားပြည်နယ် မဲရေတွက်မှုတွင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်က သမ္မတ ဒေါ်နယ်ထရမ့်ကို ဦးဆောင်နေကြောင်း အမေရိကန် မီဒီယာများစွာက နိုဝင်ဘာ ၆ ရက်...
ဝါရှင်တန်၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ၌ နိုဝင်ဘာ ၅ ရက်က တစ်ရက်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ ၁၁၀, ၀၀၀ ကျော်ဖြင့် ကူးစက်မှုအမြင့်ဆုံး ကမ္ဘာ့စံချိန်သစ်တစ်ရပ် တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ယနေ့(နိုဝင်ဘာ ၆ ရက်) ည ၁၂ နာရီသည် မဲဆွယ်စည်းရုံးရေးနောက်ဆုံးရက်ဖြစ်သဖြင့် ပါတီများ၏ ဆိုင်းဘုတ်များ၊ ပါတီအမှတ်တံဆိပ်၊ အလံများ ဖြုတ်သိမ်းလျက်ရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်း အစုံရေ ၂၄၀,၀၀၀ အား မြန်မာနိုင်ငံအစိုးရထံ ယနေ့လှူဒါန်း လှူဒါန်းပေးအပ်ခဲ့ပြီး အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် (၁,၃၄၂) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၅၉,၂၇၇) ဦးရှိလာပြီဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့်လျှော့မတွက်သင့်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမြတ်ထွဋ်ညွန့်ကနိုဝင်ဘာ ၆ရက် တွင်ဆင်ဟွာသို့ပြောသည်။
ထိုက်ယွမ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၁၃ စင်းကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုဝင်ဘာ ၆ ရက်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရန်ကုန်တိုင်းဒေသကြီးတွင် City Taxi များ မှတ်ပုံတင်သက်တမ်းတိုးခြင်းကို ၂၀၂၀ပြည့်နှစ် မတ်လကုန်ခါနီးတွင် စတင်ဆိုင်းငံ့ထားခဲ့ပြီး လက်ရှိအချိန်အထိဆက်လက် ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း၊ မှတ်ပုံတင်သက်တမ်းတိုးပြုလုပ်ပေးရမည့် ယာဉ်အစီးရေပေါင်း ၄၀,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ နိုဝင်ဘာ...
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၃ ရက် မှ ၄ ရက် အထိ ကုလသမဂ္ဂအထွေထွေညီလာခံအထူးအစည်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး COVID-19 ရောဂါရင်ဆိုင်ဖြေရှင်းရေးကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်၌ အဆိုပြုချက်တစ်ခုအားအတည်ပြုဆုံးဖြတ်ခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ပသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများထံမှ ကြိုတင်မဲ စုစုပေါင်း ခုနစ်သောင်းခွဲခန့် ရရှိခဲ့ပြီး...