ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၉ ရက်မှ ၂၂ ရက် အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ...
ဘန်ကောက်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် ဂူအတွင်း ပျောက်ဆုံးနေသော လူငယ်ဘောလုံးသမားများအား မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ကယ်ဆယ်ရေးအဖွဲ့များက ငါးရက်မြောက်နေ့အထိတိုင်အောင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသော်လည်း ပျောက်ဆုံးလူငယ်များ၏ တည်နေရာအား မသိရှိရသေးကြောင်း သိရသည်။
ကဘူးလ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryab ပြည်နယ် တွင် နယ်မြေရှင်းလင်းမှုတစ်ခု နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် တာလီဘန် စစ်သွေးကြွ ၂၆ဦး ကို သုတ်သင်နိုင်ခဲ့ပြီး စစ်သွေးကြွ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန က ဇွန် ၂၇...
နယူးဒေလီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်တွင် ဇွန် ၂၇ ရက် က အိန္ဒိယလေတပ်ပိုင် တိုက်ဂျက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များကပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ အဋ္ဌမနေ့ဖြစ်သည့် ဇွန် ၂၇ ရက်တွင် ကျောက်စိမ်း အတွဲ ၈၉၂ တွဲကို ယူရိုငွေ ၅၂.၄၄၁ သန်း ဖြင့် ရောင်းချ နိုင်ခဲ့ရကြောင်း မြန်မာ့...
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခတိုးမြှင့်သတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) e-Government စနစ် အလျင်အမြန်တိုးတက်အောင်မြင်အောင်ရန် အချက်(၃)ချက်အား အထူးအလေးထား လိုက်နာရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လတွင် သွားရောက်မည့် ဥရောပခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်တွေ့ဆုံရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း ဇွန် ၂၇ ရက်တွင် ပြောကြားလိုက်သည်။
၂၇.၆.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ် အုပ်စု F ဆွီဒင် ၃ – ဝ မက္ကဆီကို ( ၅၀’,၆၂’ပယ်နယ်တီ, ၇၄’) ယခုပွဲ အနိုင်ရလို့ အုပ်စု F မှာဆွီဒင် နဲ့ မက္ကဆီကိုအသင်းတို့ကသုံးပွဲကစား နှစ်ပွဲနိုင်တစ်ပွဲရှုံး ၆ မှတ် စီ အမှတ်တူနေကြပြီးဆွီဒင်အသင်းက ဂိုးအသာနဲ့...
၂၇.၆.၂၀၁၈. ဒုတိယပွဲ- ပွဲပြီးရလဒ် အုပ်စု F တောင်ကိုရီးယား ၂-ဝ ဂျာမနီ ( ၉၀+၃’,၉၀+၆’) တောင်ကိုရီးယား ကနောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်မရှိတော့ပေမယ့် လက်ရှိချန်ပီယံ ဂျာမနီကိုအကောင်းဆုံးအနိုင်ကစားသွားခဲ့ပါတယ်။ဂျာမနီ ကတော့ အုပ်စု F မှာ နောက်ဆုံးနေရာကနေပြိုင်ပွဲမှထွက်ရပါပြီ။ (Xinhua)