Connect with us

Africa & Middle East

ဟူသီလက်နက်ကိုင်များ Hodeidah အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှုကြောင့် လူ ၁၄၀ သေဆုံးခဲ့ကြောင်း ယီမင်အစိုးရတပ်ကဆို

ကုလသမဂ္ဂ ယီမင်ရေးရာ အထူး သံတမန်လိုက်ပါလာသည့် ယာဉ်တန်းအား ယီမင်နိုင်ငံ ဆာနားလေဆိပ်နားတွင် တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး၊ မေ ၂ ရက်(ဆင်ဟွာ)

ပြီးခဲ့သောနှစ် ဒီဇင်ဘာလမှစ၍ ယနေ့အထိ ဟူသီလက်နက်ကိုင်များက အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို အကြိမ်ပေါင်းများစွာ ချိုးဖောက်ခဲ့ရာ Hodeidahတွင် အရပ်သား ၁၄၀ သေဆုံးခဲ့ကြောင်း ယီမင်အစိုးရတပ်က မေ ၁ ရက်တွင် ပြောကြားခဲ့သည်။

ယီမင်အစိုးရနှင့် ဟူသီလက်နက်ကိုင်တို့အကြား Hodeidah အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုသည့် ပြီးခဲ့သောနှစ် ဒီဇင်ဘာလမှစ၍ ဟူသီလက်နက်ကိုင်များက Hodeidah တွင် သဘောတူညီချက်ကို ချိုးဖောက်မှု ၃၇၁၉ ကြိမ်ရှိခဲ့ကြောင်း ယီမင်အစိုးရတပ်၏ ပြောရေးဆိုခွင့်ရှိသူ Abdu Majaliက မေ ၁ ရက်တွင် Maribပြည်နယ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဟူသီလက်နက်ကိုင်များက အစိုးရတပ်နှင့်အစိုးရတပ် ထိန်းချုပ်သည့်နေရာဒေသများကို တိုက်ခိုက်မှု များ ဆက်တိုက်ပြုလုပ်ခဲ့ရာ Hodeidah အရပ်သား ၁၄၀ သေဆုံးခဲ့ပြီး ၈၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ ဟူသီလက်နက်ကိုင်များကို ဖိအားပေးပြီး Hodeidah အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်တွေ့ဆောင်ရွက်ရန် လုပ်ဆောင်ပေးဖို့ Abdu Majali က တိုက်တွန်းထားသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက် ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို သိမ်းပိုက်နိုင်ခဲ့ရာ ယီမင်သမ္မတ Hadiမှာ ဆော်ဒီအာရေဗျ နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျဦးဆောင်သော အာရပ်နိုင်ငံအချို့က ဟူသီလက်နက်ကိုင်များကို “Operation Decisive Storm”စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ကုလသမဂ္ဂ၏ညှိနှိုင်းမှုအောက်တွင် ယီမင်အစိုးရနှင့် ဟူသီလက်နက်ကိုင်တို့အကြား Hodeidah အပစ်ခတ်ရပ်စဲရေး၊ စစ်သုံ့ပန်းလဲလှယ်ရေးစသည့် အရေးကိစ္စများတွင် သဘောတူညီချက်ရရှိခဲ့သော်လည်း မကြာမီ ပစ်ခတ်ရပ်စဲရေးသဘောတူညီချက် ကို ချိုးဖောက်သည်ဟု နှစ်ဖက်အပြန်အလှန် အပြစ်တင်ဝေဖန်မှုများ ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.